အပူပေးခံရတဲ့ ရွှေဟာ အလှဆင်ပစ္စည်း ဖြစ်လာတယ်။ နန်းကြိုးဆွဲခံရတဲ့ ကြေးဟာ ကြေးနီ ချောင်း ဖြစ်လာတယ်။ ထွင်းထုခံရတဲ့ ကျောက်တုံးဟာ ပန်းပုရုပ်ဖြစ်လာတယ်။ ဘ၀မှာ နာကျင်မှု များလေ တန်ဖိုးတက်လေပဲ။
0

Google Play Store Error များနှင့် ဖြေရှင်းနည်းများ

Monday, April 4, 2016
Share this Article on :
Android ဖုန်း သုံးစွဲသူတွေအတွက် Google Play Store ဟာ တော်တော်အရေးပါ ပါတယ် ။ App တွေကို ရယူသုံးစွဲတာအပြင် နောက်ကွယ်ကနေ တစ်ခြား service တွေ ကို အဆင်ပြေပြေ သုံးစွဲနိုင်အောင်လုပ်ပေးထားပါတယ် ။ Play Store တွင် နှစ်သက်သော Application တစ်ခုတွေ့လို့ ဒေါင်းရန် ပြုလုပ်ပြီးကာမှ ဘာမှန်း မသိသော Error Code များပေါ်လာပြီး Download ပြုလုပ်လို့ မရဖြစ်နေပါသလား။ ထိုအရာတွေက သင့်ကို စိတ်ပျက်စေမှာ အမှန်ပါပဲ၊ ထို့ကြောင့် Play Store တွင် ဖြစ်တတ်သော Error Code များနှင့် ဖြေရှင်းနည်း များကို ဖော်ပြပေးလိုက်ပါသည်။


1.  Google Play Store Error DF-BPA-09 ‘Error Processing Purchase
Google Play Store Error DF-BPA-09 ‘Error Processing Purchase သည် Application များကို Download ပြုလုပ်သည့်အခါမျိုးတွင်ဖြစ်ပေါ်တတ်သော Error မျိုးဖြစ်ပြီး၊၄င်း Error သည်refresh ပြုလုပ်လိုက်ယုံဖြင့်ပြန်ကောင်းသွားသည့် Error မျိုးမဟုတ်ပါဘူး။ယင်းပြဿနာသည်တစ်ဦးတစ်ယောက်တည်းကြုံရသောပြဿနာမျုးမဟုတ်ပဲ၊ Google ၏ Error ပဲဖြစ်ပြီး၊ဒါကိုအမြန်ဆုံးမဖြစ်အောင်ဆောင်ရွက်သွားမယ်လို့လဲ ထင်ရပါတယ်။ ၄င်း Error တက်လာပြီဆိုလျှင်တော့ –

Setting သို့ဝင်ပါ။
Application Manger အတွင်းသို့ဝင်ပါ ( အချို့ Device များတွင်  Apps ဟုလည်း ဖော်ပြတတ်ပါသည်)။
All ဆိုသည့် နေရာသို့ရောက်အောင် ဆွဲသွားပါ။
ထို့နောက် All Column တွင် Google Services Framework ကို တွေ့ရသည်အထိ ရှာပါ။
တွေ့ရှိပါက Google Services Framework အတွင်းသို့ဝင်ကာ Clear Data လုပ်လိုက်ပါ။
ဒီနည်းလမ်းဖြင့်ဖြေရှင်းလို့မရပါက၊ PC မှ  Google Play တွင် မိမိ ဖုန်းဖြင့် Register ပြုလုပ်ကာ Download ပြုလုပ်ခြင်းဖြင့်လည်း ၄င်း Error ကိုဖြေရှင်းနိုင်ပါသည်။


2. Google Play Store Error Code 194
၎င်းပြဿနာသည်လည်း Application (သို့) Game များကို Download ပြုလုပ်သည့်အခါမျိုးတွင်ဖြစ်တတ်သော Error မျိုးပဲဖြစ်ပါသည်။ဒီ Error ကိုဖြေရှင်းဖို့အကောင်းဆုံးနည်းလမ်းကတော့Google Play Store နှင့် Google Play Service Application ကို Clear Data ပြုလုပ်ပေးခြင်းပဲဖြစ်ပါသည်။ထိုသို့ပြုလုပ်ရန်အတွက် –

Setting အတွင်းမှ Apps (သို့) Application Manager အတွင်းသို့ဝင်ပါ။
All Column သို့သွားကာ Google Play Store ကိုတွေ့အောင်ရှာပါ။
Google Play Store App ထဲဝင်ကာ App Detail မှတဆင့် Force Close ပြုလုပ်ပါ။
ထို့နောက် Clear Data ပြုလုပ်ပါ။
Google Play Service Application ကိုလည်း ထိုနည်းအတိုင်းပြုလုပ်ပေးရမှာပဲဖြစ်ပါသည်။ ထိုနည်းလမ်းဖြင့် အလုပ်မလုပ်ပါက Google Play Store Application ကို Update ပြုလုပ်ခြင်းဖြင့်လည်း၎င်း Error မှ ကာကွယ်နိုင်ပါသည်။


3.  Google Play Store Error Code 495

Google Play Store Error Code 495 သည် Application များကို Update ပြုလုပ်သည့်အခါမျိုးတွင်အဖြစ်များသော Error တစ်မျိုးပါ။၎င်း Error ကိုကြုံတွေ့ရပါက Setting > Apps (သို့) Application Manger > Google Play Store > Clear Data ပြုလုပ်ခြင်းဖြင့်ဖြေရှင်းနိုင်ပါသည်။ Google Play Store Apps ၏ Data များကို Clear လုပ်ပေးသလို Google Service Frameworksကိုလည်း Clear Data ပြုလုပ်ရန်လိုအပ်ပါသည်။ ထိုတွင် သတိပြုရမည့် အချက်တစ်ခုမှာ – Google Play Store နှင့် Google Service Frameworks တို့ကို Clear Data ပြုလုပ်လိုက်ခြင်းကြောင့် ဖုန်းအတွင်း ရှိ သင့် Sign In ဝင်ထားသော Google အကောင့်မှာ ပျောက်သွားမည်ဖြစ်တာကြောင့် ဖုန်းကို Restart ပြုလုပ်ပြီးသည်နှင့် တပြိုင်နက် Setting > Accounts > All Account > Google Account ထဲဝင်ကာ မိမိ Google Account ကို Sign In ပြန်ဝင်ပေးရမှာပဲဖြစ်ပါတယ်။


4. Google Play Store Error Code 941

၎င်းသည်လည်း Update ပြုလုပ်နေစဉ်ဖြစ်သော Error မျိုးဖြစ်ပါသည်။ Google Play Store Error Code 941 ကိုဖြေရှင်းနည်းကတော့ –

Setting ထဲသို့ဝင်ပါ။
Apps (သို့) Application Manager သို့ဝင်ကာ All Column သို့သွားပါ။
ထို့နောက် Google Play Store ကို ရှာကာ Clear Data နှင့် Clear Cache ပြုလုပ်ပါ။
ထို့ပြင် All Column အတွင်းတွင်ပဲ Download Manager ကို ရှာကာ ၄င်းကိုလည်း Clear Data နှင့် Clear Cache ပြုလုပ်ပါ။
ထို့နောက် သင် Update ပြုလုပ်လိုသော Application ကို စိတ်ချလက်ချ Update ပြုလုပ်နိုင်ပြီဖြစ်ပါသည်။


5. Google Play Store Error Code rh01

Google Server မှတက်သော Error တစ်မျိုးပဲဖြစ်ပါတယ်။ပထမဦးစွာဖြေရှင်းနည်းကတော့ Setting > Apps (သို့) Application Manager > All Column > Google Play Store သို့ဝင်ကာClear Data နှင့် Clear Cache ပြုလုပ်ပါ။ထို့နောက် Google Service Frameworks ကိုလည်း Clear Data နှင့် Clear Cache ပြုလုပ်ပါ။

ထို့သို့ ဖြေရှင်းပြီးမရသေးပါက၊နောက်ထပ် နည်းတစ်ခုအနေဖြင့် –

Setting > All Account > Google Account အတွင်းမှ သင့် Google Account ကို ထွက်ပြီး ၊ ပြန်ဝင်ခြင်းဖြင့် ဖြေရှင်းနိုင်ပါသည်။


6. Google Play Store Error Code rpc:s-5:aec-0

၎င်း Error သည်လည်း Google Server မှတက်သော Error တစ်မျိုးဖြစ်ပါသည်။ဖြေရှင်းနည်းကတော့ –

Setting > Apps/Application Manager > All Column > Google Play Store သို့ဝင်ကာ Clear Data နှင့် Clear Cache ပြုလုပ်ပါ။ ထိုနည်းတူ Download Manager နှင့် Google Service Frameworks တို့ကိုလည်း ပြုလုပ်ပါ။


7. Google play store error code 504

Play Store မှ Application များ Download ပြုလုပ်သည့်အခါတွင်ဖြစ်သော Error မျိုးဖြစ်ပါသည်။၎င်းပြဿနာအတွက်ဖြေရှင်းနည်းကတော့နှစ်ခုရှိပါတယ်။ပထမတစ်နည်းကတော့  ထုံစံအတိုင်း Google Play Store  နှင့် Google Service Frameworks တို့ကို Clear Data နှင့် Clear Cache ပြုလုပ်ပေးခြင်းဖြစ်ပါသည်။

ဒုတိယနည်းလမ်းကတော့ – Play Store မှ Gmail Account များကိုထွက်ပြီးမှပြန်ဝင်ခြင်းပဲဖြစ်ပါသည်။



8. Google play store error code 505


Application တွေကို Permission နှစ်ခါပေးမိလျှင်ဖြစ်တတ်သော Error ဖြစ်ပါသည်။ဖြေရှင်းနည်းတော့ – သင် Permission နှစ်ခါပေးထားမိသော Application ကိုတွေ့အောင်ရှာရမှာပဲဖြစ်ပါတယ်။ ထိုသို့ရှာဖွေပြီးလျှင် Lucky Patcher ဖြင့် Backup ပြုလုပ်လိုက်ပါ။ ပြီးလျှင်  uninstall ပြုလုပ်ပြီးမှ ပြန်ပြီး install ပြုလုပ်ပါ။


9. Google play store error code 491

၎င်း Error တက်လာရင် Application များကို Download ပြုလုပ်မရတော့သလို Update လည်းပြုလုပ်လို့ရတော့မှာမဟုတ်ပါဘူး။ ဖြေရှင်းနည်းကတော့ ပထမ အဆင့်အနေဖြင့် Setting > Account ထဲမှ Play Store Account ကို Remove ပြုလုပ်ပါ။ ထို့နောက် ဖုန်းကို Reboot ပြုလုပ်ကာ Play Store Account ကို Sign In ပြန်ဝင်ပါ။ ထို့နောက် Setting > Application Manager > All Column > Google Service ကို Clear Data နှင့် Force Close ပြုလုပ်ပေးပါ။



10. Google play store error code 498

Play Store မှ Download ဆွဲရာတွင်အနှောက်အယှက်ပေးတတ်သော Error Code တမျိုးပဲဖြစ်ပါတယ်။၎င်း Error သည်ဖုန်းအတွင်းတွင် Cache များပြည့်နှက်နေသောကြောင့်ဖြစ်ပါသည်။ထို့ကြောင့်မလိုအပ်သော Application နှင့် File များကိုဖျက်ပစ်လိုက်ပါ။ထို့နောက်ဖုန်းကို Restart ပြုလုပ်နေစဉ် Volume Down ရယ် Power Button ရယ် Home Button ရယ်ကိုပေါင်းနှိပ်ကာRecovery Mode သို့ဝင်လို်က်ပါ။ထို့နောက် Recovery Mode  အတွင်းတွင်ရွေးချယ်စရာ Option အမြောက်အမြားရှိပြီး Wipe Cache Option ကို Volume +/- button များဖြင့်ရွေးချယ်လိုက်ပါ။  Confirm ပြုလုပ်ရွေးချယ်ရန်အတွက်တော့ Power Button ဖြင့်ရွေးချယ်ပေးရမှာပါ။ Wipe Cache Option ကိုရွေးချယ်ပြီးပါကဖုန်းမှ Auto Restart ပြုလုပ်မည်ဖြစ်ပါသည်။ထို့နောက် Download ပြန်လည်ပြုလုပ်နိုင်ပြီဖြစ်ပါသည်။


11. Google play store error code 919

Application ကို Download ပြုလုပ်ချိန်တွင် Error မတက်သော်လည်းဖွင့်လိုက်သည့်အချိန်တွင်မှအလုပ်မလုပ်တော့ပဲ Error တက်လာတာပဲဖြစ်ပါတယ်။၎င်း Error တက်ရသည့်အကြောင်းမှာဖုန်းအတွင်းတွင် Space မကျန်တော့သောကြောင့်ဖြစ်ပါသည်။ထို့ကြောင့်မလိုအပ်သော Application များ၊သီချင်းများ၊ဓာတ်ပုံများကိုဖျက်ခြင်းဖြင့်အလွယ်တကူဖြေရှင်းနိုင်ပါသည်။



12. Google play store error code 413

Proxy ကျော်သုံးလေ့ရှိသူများတွင်ဖြစ်လေ့ရှိသော Error တစ်မျိုးဖြစ်ပါသည်။ဖြေရှင်းနည်းကတော့ Setting > Apps > All Column မှ Google Service ကို Clear Data နှင့် Force Stop ပြုလုပ်ပေးခြင်းဖြင့်ဖြေရှင်းနို်င်ပါသည်။


13. Google playstore error code 921

Application များကို Download ပြုလုပ်လို့မရစေသော Error တစ်မျိုးပဲဖြစ်ပါသည်။ထိုပြဿနာအတွက် Google Play Store Application ကို Clear Cache ပြုလုပ်ပေးရမှာဖြစ်ပါတယ်။  ထို့သို့ပြုလုပ်ခြင်းဖြင့်အလုပ်မလုပ်ပါက Play Store Application အတွင်းမှ Data များကို Clear ပြုလုပ်ပေးရမှာပဲဖြစ်ပါတယ်။ထိုသို့ပြုလုပ်ရာတွင်သတိထားရမည့်အချက်တစ်ချက်ကတော့ Play Store Application ကို Clear Data ပြုလုပ်လိုက်လျှင် Play Store တွင်ရှိသောသင့်၏အချက်အလက်များနှင့် Setting များအားလုံးပျက်သွားမည်ဖြစ်ပါသည်။ထိုနည်းနှစ်ခုလုံးအလုပ်မဖြစ်ပါက Setting > Account > All Account မှ Play Store Account များကိုထွက်ကာ၊ပြန်ဝင်ခြင်းဖြင့်ဖြေရှင်းနိုင်ပါသည်။



14. Package file invalid

Play Store မှဖြစ်သော Error တစ်မျိုးဖြစ်ပါသည်။ထိုပြဿနာကြုံလာရပါက Setting > Application Manager > All > ၄င်းပြဿနာဖြစ်သော Application ကိုရွေးချယ်ကာ Clear Data နှင့် Clear Cache ပြုလုပ်ပေးခြင်းဖြင့်ဖြေရှင်းနိုင်ပါသည်။နောက်တနည်းကတော့မိမိ Install ပြုလုပ်လိုသော Application ကို PC မှတဆင့် Play Store သို့ဝင်ကာ Download ပြုလုပ်ပါ။နောက်ထပ်နည်းလမ်းများအနေဖြင့် Wifi အသုံးပြုခြင်းဖြင့် Download ပြုလုပ်ခြင်းဖြင့်လည်းကောင်း၊ Play Store Application နှင့် Google Service Framewroks တို့ကို Clear Data ပြုလုပ်ပေးခြင်းဖြင့်၎င်းဖြေရှင်းနိုင်ပါသေးသည်။



15. Google play store error code 923

Download ပြုလုပ်ရာတွင်တက်လေ့ရှိသော Error တစ်မျိုးဖြစ်ပြီး၊သင့်ဖုန်းထဲတွင် Cache Memory အတွက်နေရာအလုံအလောက်မရှိတော့သောကြောင့် ဖြစ်ရတာပဲဖြစ်သည်။  ဖြေရှင်းနည်းကတော့ Google Account ကို restart ပြန်လုပ်၊ ဖုန်းထဲမှ မလိုအပ်တဲ့ Application များကိုဖျက်ခြင်းဖြင့် ဖြေရှင်းနိုင်ပါသည်။ ထို့အပြင် Recovery Mode သို့ဝင်ကာ Wipe Cache ပြုလုပ်နိုင်ပါသေးသည်။



16. Google play store error code 101

ဖုန်းထဲတွင် Application များအလွန်များပြားနေသောကြောင့်ဖြစ်ပါတယ်။ထို့ကြောင့်ထုံးစံအတိုင်းမလိုအပ်သော file များကိုဖျက်ခြင်းဖြင့်ဖြေရှင်းနိုင်ပါသည်။



17. Google play store error code 481

သင့် Play Store Account နှင့်ပတ်သတ်ပြီးဖြစ်တဲ့ Error ဖြစ်တာကြောင့်အခြား Account တစ်ခုဖြင့်ဝင်ကာ Download ပြုလုပ်နိုင်ပါသည်။



18. Google play store error code 927

Play Store Update ပြုလုပ်နေစဉ်အတွင်းမို့အခြား Application များ Download ပြုလုပ်လို့မရသော Error ဖြစ်ပါသည်။ဖြေရှင်းနည်းကတော့ Play Store Update ပြီးသွားသည်အထိစောင့်ဆိုင်းခြင်းပဲဖြစ်ပါသည်။ထို့သို့စောင့်ဆိုင်းပြီးတာတောင်၎င်း Error သည်ဆက်ရှိနေသေးတယ်ဆိုလျှင်တော့ Google Service ကို Clean Data ပြုလုပ်ပေးခြင်းဖြင့်ဖြေရှင်းနိုင်ပါသည်။



19. Google play store error code 911

Error ကတော့ Application တွေ Download ပြုလုပ်လို့မရတဲ့ Error ပဲဖြစ်ပါတယ်။ဖြေရှင်းလို့ရနိုင်တဲ့နည်းများကတော့ –

Google Service Application ကို Clear Data ပြုလုပ်ခြင်း
Wifi ချိတ်ဆက်ထားလျှင်၊ သေချာ ချိတ်ဆက်မိမမိ ကို စစ်ဆေးခြင်း
အခြား Wifi တစ်ခုကို ပြောင်းပြီး Download ပြုလုပ်ကြည့်ခြင်း
ကိုယ်ပိုင် Data  ဖြင့် Download ပြုလုပ်ခြင်း
စသည် ဖြေရှင်းနည်းများဖြင့် ဖြေရှင်းနိုင်ပါသည်။



20. Google play store error code RPC:S-3

Application ကို Download ပြုလုပ်လို့မရသော Error တစ်မျိုးပဲဖြစ်ပါသည်။၎င်းပြဿနာကို Play Store Account restart ပြုလုပ်ခြင်းဖြင့်ဖြေရှင်းနိုင်ပါသည်

Credit to myanmar it hub.
💮💮💮KoHtike(KHMITC)💮💮💮
ကောင်းနိုးရာရာလေးများပြန်လည်စုစည်းမျှဝေသည်။














Artikel Terkait:

0 comments:

Post a Comment