အပူပေးခံရတဲ့ ရွှေဟာ အလှဆင်ပစ္စည်း ဖြစ်လာတယ်။ နန်းကြိုးဆွဲခံရတဲ့ ကြေးဟာ ကြေးနီ ချောင်း ဖြစ်လာတယ်။ ထွင်းထုခံရတဲ့ ကျောက်တုံးဟာ ပန်းပုရုပ်ဖြစ်လာတယ်။ ဘ၀မှာ နာကျင်မှု များလေ တန်ဖိုးတက်လေပဲ။
0

နည်းပညာဆိုင်ရာ စာအုပ်များ စုစည်းဖော်ပြခြင်း

Tuesday, April 26, 2016
 

နည်းပညာပိုင်းဆိုင်ရာ လေ့လာချင်တဲ့ သူငယ်ချင်းတွေအတွက် 
အဆင်ပြေအောင် စာအုပ်လေးတွေကို အကိုတစ်ယောက်မှ Google  Driveမှာ 
စုစည်းတင်ပေးလိုက်တာ ကျွန်တော် ပုသိမ်သားလေးမှ ပြန်လည်မျှဝေခြင်းဖြစ်ပါတယ်
စာအုပ်ပေါင်း 180 ရှိပါတယ် ကွန်ပျူတာအတွက် ဖုန်းအတွက် အင်တာနက် ပိုင်းဆိုင်ရာ 
ဓာတ်ပုံပြင်ပိုင်းဆိုင်ရာ စရင်းကိုင်တွေအတွက် အသုံးပြုနည်းများ စသည်ဖြင့် အစုံအလင်ကိုရှိပါတယ် 
Ebook Download ထဲဝင်ပြီးတော့ အပေါ်နားမှာရှိတဲ့ 
Add to Drive ကိုကလစ်လိုက်ရင် မိမိ Drive အကောင့်ထဲကိုရောက်သွားမှာဖြစ်ပါတယ် 
အဲဒါဆို အသုံးလိုတဲ့အချိန်မှာ ၀င်ရောက်ဖတ်ရူနိုင် Download လုပ်နိုင်ပါတယ်


အသစ်တင်တိုင်း facebook က ဖတ်မယ်ဆိုရင်{ ဒီမှာ like } လုပ်ပေးထားပါ
လာရောက်လည်ပတ်တဲ့အတွက် ပုသိမ်သားလေး(နည်းပညာ)မှ ကျေးဇူးတင်ပါတယ်ခင်ဗျာ
0

Win RAR အကြောင်း

 
ကျွန်တော်ဒီနေ့ Win RAR အကြောင်းလေးအနည်းငယ်ရေး ပေးချင်ပါတယ်။ အများစုလည်း သိပြီးသား ဖြစ်နေကြသလို မသိသေးတဲ့သူတွေလည်း အဆင်ပြေပြေနဲ့ အသုံးပြုနိုင်အောင်ရည်ရွယ်ပါတယ်။ အဓိကကတော့ ကျွန်တော်တို့ ဖိုင်တွေကို ဖြည်တဲ့နေရာမှာ အဓိကပြဿနာလေးဖြစ်ပါတယ်။ ကျွန်တော် အောက်မှာ ပုံလေးတွေနဲ့ကို အသေးစိတ်တစ်ဆင့်ခြင်း ရှင်းပြပေးသွားပါ့မယ်။ သိပြီးသားသူတွေကတော့ သည်းခံပေးပါခင်ဗျာ။ ကျွန်တော်တို့စပြီး စခွဲတဲ့ အပိုင်းကိုအရင်ဆုံး ကြည့်ရအောင်ဗျာ။ အောက်မှာကြည့်လိုက်ပါ။
ပထမဆုံးကျွန်တော့်ဆီက Wifi Hack တဲ့ Tool လေးကို အရင်ဆုံးစပြီးခွဲပါမယ်။ ပုံမှာကြည့်လိုက်ပါ။
ဒီကောင်လေးရဲ့ ဖိုင်ဆိုဒ်ကတော့ 963 MB ရှိပါတယ်။ ကျွန်တော်တို့အခု 5 ပိုင်းလိုချင်တယ်ပေါ့ဗျာ။ အခု ငါးပိုင်းရအောင် တစ်ပိုင်းကို 190 နဲ့ 200 MB လောက်ခွဲရမယ်ပေါ့ဗျာ။ အခုနောက်တစ်ဆင့်ထပ်ကြည့်ရအောင်ဗျာ..
ကျွန်တော်နှစ်ခုပြထားပါတယ်။ ပထမဆုံးတစ်ခု Add to archive ဆိုတာက တိုက်ရိုက်တစ်ခါတည်း ခွဲချပေးနိုင်တာပါ။ အောက်ကမြှားလေးကတော့ ကျွန်တော်တို့ ဒီဖိုင်လေးကို တစ်ခါတည်း နဲ့ ဖိုလ်ဒါလေးထဲကို ထည့်ပေးပြီးခွဲပေးတာ ဖြစ်ပါတယ်။ ကျွန်တော်တို့အခု Add to archive ကနေသွားမယ်ဗျာ။ ကြည့်ကြည့်လိုက်ပါ.
ပုံမှာကြည့်ကြည့်လိုက်ပါ။ ကျွန်တော်တို့ Archive Format မှာ နှစ်မျိုးသုံးလို့ရပါတယ်။ ကျွန်တော်ကျန်တာ မပြောပြတော့ပါဘူး။ အဓိကကျတဲ့ ခွဲတာနဲ့ ပြန်ပေါင်းတာကိုပဲပြောပြသွားပါ့မယ်။ ကျွန်တော်တို့အခု RAR ဖိုင်နဲ့ လိုချင်တယ်ပေါ့ဗျာ.။ RAR တွေမှာ နောက်ဆုံး Update ဖြစ်လာတာနဲ့ သုံးရတာတွေလည်းပိုပြီး အဆင်ပြေလာတာကို တွေ့ရမှာပါ။ အရင်ထွက်တဲ့ RAR တွေမှာ နောက်မှာပြထားတဲ့ MB ဆိုတာလေးမပါပါဘူး။ ဒါပေမယ့် အခုကျွန်တော်သုံးနေတဲ့ Update လေးမှာတော့ပါလာပါပြီ။ ကျွန်တော်ဆိုဒ်မှာလည်း တင်ပေးထားပါတယ်။ အောက်မှာလည်း ကျွန်တော်ထပ်ထည့်ပေးထားပါတယ်။ အလွယ်ဆုံးနည်းနဲ့ပေါ့ဗျာ။ Volume မှာ 200 ပေးပြီး Size မှာ MB ပေးလိုက်ပါတယ်။ အောက်မှာကြည့်လိုက်ပါဗျာ။
ဒီလိုပါပါတယ်။ GB အထိခွဲလို့ရပါတယ်။ တစ်ကယ်လို့ အရှေ့ပိုင်းထွက်ထားတဲ့ RAR လေးတွေမှာ မပါခဲ့ဘူးဆိုရင်လည်း ကျွန်တော်တို့ Byte နဲ့လည်းခွဲလို့ရသလို 200MB ဆိုပြီး တစ်ခါတည်းအကွက်ထဲမှာ ရိုက်ထည့်ပေးရင်လည်း ရပါတယ်။ Byte နဲ့ခွဲမယ်ဆိုရင်တော့  ကျွန်တော်တို့ 200 ကိုအရင်ဆုံးရိုက်ထည့်လိုက်ပါ။ ပြီးရင်တော့ နောက်ကနေ 0 ခြောက်လုံးရိုက်ထည့်ပေးရပါမယ်။  ဘာလို့လဲဆိုတော့ 1 Mb =1000000B နဲ့ညီလို့ပါ။ 200 000 000 အခုလိုရိုက်ထည့်ပေးရပါမယ်။ ဒါကတော့တွက်ရမှာပေါ့ဗျာ။ ကျွန်တော်ဆိုရင်တော့ 200 MB လို့ရိုက်ထည့်လိုက်ပါတယ်။ အဆင်ပြေပါတယ်။ အခုခွဲမယ်ဗျာ။နောက်တစ်ဆင့်ကိုကြည့်လိုက်ပါ။
ကျွန်တော်တို့ အခု Password ခံချင်တယ်ဆိုရင်ပေါ့ဗျာ။ပုံလေးမှာပြထားတဲ့အတိုင်း ဒုတိယမြောက် Tab လေးဖြစ်တဲ့ Advanced ဆိုတဲ့ Tab လေးကို နှိပ်လိုက်ပါ။ အဲ့ဒီကမှ Set Password ဆိုတာလေးကို နှိပ်လိုက်ပါ။ အဲ့ဒီမှာ မိမိတို့ပေးလိုတဲ့ Password ကို နှစ်ကြိမ်ရိုက်ထည့်ပေးလိုက်ပါ။ မမှားဖို့တော့ လိုတာပေါ့ဗျာ။ အဲ့ဒီမှာ ထည့်ပေးပြီးပြီဆိုရင်တော့ ကျွန်တော်တို့ ရှေ့က Tab လေးကို ပြန်သွားပြီး OK ပေးလိုက်ရင် စပြီးခွဲပါပြီ။ 
အခုဆိုရင် ကျွန်တော်ခွဲထားတဲ့ ဖိုင်လေးတွေထွက်လာပါပြီ။ အားလုံးပေါင်း 5 ပိုင်းထွက်လာပါတယ်။ နောက်ဆုံး ထွက်လာမယ့်အပိုင်းလေးကတော့ ဆိုဒ်နည်းသွားတာပေါ့ဗျာ။ ဒီလောက်ဆိုရင် ကျွန်တော်တို့ Win RAR ရဲ့ ဖိုင်ခွဲပုံလေးကို သိလောက်ပြီလို့ထင်ပါတယ်။ နောက်တစ်ချက်ကတော့ ဖိုင်ဖြေတဲ့ အပိုင်းပေါ့ဗျာ။ အောက်မှာ ကြည့်လိုက်ပါ။ 
ကျွန်တော်တို့ ခွဲတဲ့ နေရာမှာလည်း သုံးမျိုးရှိပါတယ်။ ပထမဆုံး Extract files ဆိုတာကတော့ ကျွန်တော်တို့  ခွဲထုတ်လိုက်တဲ့ ဖိုင်လေးကို ဘယ်နေရာကိုတစ်ခါတည်း ထည့်လိုက်မလဲ ဆိုတာကို ရွေးပေး နိုင်ပါတယ်။ ကြည့်လိုက်ပါဗျာ။
ဒီနေရာကတော့ ကျွန်တော်တို့ ခွဲထုတ်မယ့်ဖိုင်လေးကို ထားရမယ့်နေရာကိုရွေးတာပါ။ နံပါတ် 2 ဖြစ်တဲ့ Extract Here ဆိုတာကတော့ အခုရှိနေတဲ့ နေရာလေးမှာတင် တစ်ခါတည်း ခွဲထုတ်လိုက်တာကို ပြောတာပါ။ နောက်ဆုံးနံပါတ် 3 အနေနဲ့ကတော့ ကျွန်တော်တို့ ခွဲတဲ့ အချိန်မှာ တစ်ခါထဲ ဖိုလ်ဒါလေးနဲ့ ထည့်ပေးလိုက်တာကိုပြောတာပါ။ အခုဆိုရင် ပထမဆုံးတစ်ပိုင်းကို ကျွန်တော်တို့ စပြီး ခွဲထုတ်လိုက်မယ်ဆိုရင် ကျန်တဲ့အပိုင်းလေးတွေလည်း တစ်ခါထဲပြေသွားပြီး တစ်စုတစ်စည်းထဲဖြစ်တဲ့ ဖိုင်လေးကိုကျွန်တော်တို့ရလာပါတယ်။ 
အခုလို ခွဲထုတ်ပြီးရင်တော့ အပေါ်မှာ ဖိုလ်ဒါလေးနဲ့  ရလာပါပြီ။ ဒါကသမရိုးကျခွဲထုတ်ထားတဲ့ ဖိုင်လေးတွေကို ပြန်ဖြေထုတ်တာပါ။ နောက်ထပ် ထပ်ဆင့် ခွဲထည့်ထားတဲ့ RAR ဖိုင်လေးတွေကို ဖြည်တာကို ကျွန်တော် ပြပါ့မယ်။ အောက်မှာ ကြည့်လိုက်ပါ။
ကျွန်တော်တို့ခွဲမှာ အခုလို ကောင်လေးတွေဖြစ်ပါတယ်။ ဖိုင်တွေအများကြီးပါပါတယ်။ ဒါပေမယ့် ပထမဆုံးတစ်ပိုင်းကိုခွဲလိုက်ရုံနဲ့ ဒီကောင်လေးက အကုန်ပြေသွားမှာ မဟုတ်ပါဘူး။ တစ်ပိုင်းခြင်းစီကို စဖြည်ရမှာဖြစ်ပါတယ်။ ကြည့်လိုက်ပါဗျာ။
ကျွန်တော်တို့အခု အဆင်ပြေအောင် Extract Here  နဲ့ပဲ ဒီနေရာလေးမှာပဲဖြည်ပါ့မယ်။ နှိပ်ပေးလိုက်ပါ။
ဖြည်တဲ့အချိန်မှာ Error တက်တာလေးတွေလဲရှိနိုင်တဲ့ အတွက် အကုန်ပြည့်စုံသွားအောင် Yes to All နဲ့ပဲ ပေးပါ။ ဒါကပထမဆုံးတစ်ပိုင်းပါ။ အခုဒုတိယတစ်ပိုင်းကိုထပ်ဖြေပါ့မယ်။
ဒါကတော့ ဒုတိယတစ်ပိုင်းကို ဖြေတာဖြစ်ပါတယ်။ Extract here နဲ့ပဲထပ်ဖြေပေးပါ။ခုနက ပုံလေးအတိုင်းပါပဲ။ Yes to All နဲ့ပဲ ထပ်ဖြေပေးပါ။
 ကျွန်တော်အခုခွဲတဲ့ ဖိုင်လေးမှာ အားလုံးပေါင်း ၁၇ ပိုင်းရှိပါတယ်။ အဲ့ဒီ ၁၇ ပိုင်းလုံးကို တစ်ပိုင်းခြင်းစီကို လိုက်ဖြေပေးရမှာ ဖြစ်ပါတယ်။ အားလုံးကိုဖြေပြီးရင်တော့ နောက်ထပ် ၁၇ ပိုင်းအသစ်ထပ်ထွက်လာပါတယ်။ ပုံမှာကြည့်လိုက်ပါ။
အခုနောက်ထပ်ထွက် လာတဲ့ အပိုင်းတွေကိုချန်ပြီး ပထမဆုံးရှိနေတဲ့ အပိုင်းတွေကိုဖျက်ချင်လဲ ဖျက်လို့ရပါတယ်။  ကျွန်တော်ကတော့ ဖျက်လိုက်ပြီဗျာ. အောက်မှာထပ်ကြည့်ပေးပါ။ 
ကျွန်တော်ကတော့ အဆင်ပြေအောင် မြှားပြထားတဲ့ ကောင်လေးနဲ့ တစ်ခါတည်း ဖိုလ်ဒါလေးနဲ့ တစ်စု တစ်စည်းထဲ ဖြစ်သွားအောင် ခွဲပါတယ်။ ကြည့်လိုက်ပါ။
အခုဆိုရင် ကျွန်တော်တို့ ဖိုလ်ဒါလေးနဲ့ တစ်စု တစ်စည်းထဲရလာပါပြီ။ ဖွင့်ကြည့်လိုက်ပါဗျာ။
အခုဆိုရင် ကျွန်တော်တို့ အောင်အောင်မြင်မြင် Error မရှိပဲနဲ့ ထုတ်ပေးလိုက်နိုင်ပါပြီ။ Application SetUp ဖိုင်လေးတစ်ခုရယ် ကျွန်တော်တို့ Full Version လေးဖြစ်အောင်သုံးနိုင်မယ့် Crack ဖိုင်လေးကိုပါ RAR ဖိုင်လေးနဲ့ ရလာပါပြီ။ ကျွန်တော်ကတော့ ဒါမျိုးဖြစ်အောင်တော့  ခက်ခက်ခဲခဲခွဲမတင်ပေးပါဘူး။ ပထမနည်းလိုပဲ ပထမဆုံးတစ်ပိုင်းကို ခွဲရင် အကုန်ပြေသွားတာမျိုးဖြစ်အောင် ခွဲပေးတာ  တွေပဲတင်ပေးပါတယ်။ ဒီလောက်ဆိုရင် ကျွန်တော်တို့ မိတ်ဆွေများ အဆင်ပြေနိုင်လောက်ပြီလို့ ထင်ပါတယ်။ နည်းနည်းလေးတော့ ရှည်သွားပါတယ်။ အားလုံးပဲ အခက်အခဲမရှိအဆင်ပြေကြပါစေဗျာ။

ရေးသားသူ- နေမင်းမောင်(နည်းပညာ)

အသစ်တင်တိုင်း facebook က ဖတ်မယ်ဆိုရင်{ ဒီမှာ like } လုပ်ပေးထားပါ
လာရောက်လည်ပတ်တဲ့အတွက် ပုသိမ်သားလေး(နည်းပညာ)မှ ကျေးဇူးတင်ပါတယ်ခင်ဗျာ
0

OTG Supportမပါတဲ့ SAMSUNGဖုန်းတွေ frp lockကျော်မယ်

Monday, April 25, 2016

Otg support မပါတဲ့ samsung phone တွေ frp lock ကျော်မယ်
otg support မပါတဲ့ samsung phone တွေမှာ frp lock ကျပြီဆိုရင် ရှင်းလို့၇တဲ့ နည်းလေးတစ်ခု ဝေမျှချင်ပါတယ်ဗျ။ကျနော်လည်း ဆိုဒ်တစ်ခုကတွေ.တာလေး စမ်းထားတာပါ။အဆင်ပြေတာလေးတွေ.လို. ပြန်လည်ဝေမျှတာပါ ခင်ဗျာ။အမှားပါရင် ခွင်.လွတ်စေချင်ပါတယ်။သိပြီးသား ဆရာတွေတော.ကျော်သွားကြပါ။
ှSide-sync ဆိုတဲ့ PC application တစ်ခု ဒေါင်းပါမယ်။  

OR

zip password tayzaraungပါ။
1.Pc မှာ Side -sync ဆိုတဲ့ application လေး run ထားပါမယ်။
2.frp lock ကျနေတဲ့ device မှာ wifi သို့ data ဖွင့်ထားရပါမယ်။
3.PC နဲ့ device ကိုချိတ်ဆက်ပါမယ်။
4.ပေါ်လာတာထဲက browser ကိုရွေးပါမယ်။
5. alnajat.co/setting.apk ဆို တဲ့ address ကိုရိုက်ထည်.ပါမယ်။
6.Browser ရဲ့ bookmarks > History > Download history ကိုသွားပါမယ်။
7.Setting ဆိုတဲ့ application လေးကို install လုပ်ပါမယ်။
8.open လိုက်ရင် setting ထဲရောက်သွားပါပြီ။
9. factory reset ချလိုက်ပြီး ပြန်တက်လာရင် frpဲပုတ်ပါပြီ။
ဒါက အဆင်ပြေတဲ့ ဖုန်းတွေ အတွက်ပါ။တစ်ချို.နောက်ပိုင်းထွက်တဲ့ဖုန်းတွေမှာ မရရင်နောက်တစ်နည်း နဲ့ဆက်လုပ်ရပါမယ်။
 အဆင့် 8. ကနေ ဆက်လုပ်ရပါမယ်။အဆင့် 9 ကနေ ထပ်စပါမယ်။
9.setting ထဲ ၀င်လို့ရသွားတဲ့ အခါ security ကိုဆက်သွားပါမယ်။security မှာ screen lock မှာ pin lock ကို 0000 ထည့်ပါမယ်။
10.security ထဲ က other security setting ကိုဆက်သွားပါမယ်။trusted agents ထဲက google smart lock ကိုပိတ်ပါမယ်။
11.Easy mode ကိုသွားပါမယ်။choose easy mode ကိုေ၇ွးပြီး done ပါမယ်။
12.setting.apk ကိုပြန်သွားပါမယ်။ပြီးရင် standard mode ကိုပြန်ရွေးပါမယ်။
13.အဆင့် 11 နဲ့ 12 ကို normal mode ပေါ်လာသည်အထိ အကြိမ်ကြိမ်ပြန်လုပ်ပါမယ်။
14.၀င်လို့ ရသွားရင် google play ကို pin 0000 နဲ့ ၀င်ပါမယ်။
15.new google acc ကို setup လုပ်ပါမယ်။
16. restart ချပြီး setting >account> remove google account လုပ်ပါမယ်။
17. Frp lock ပြုတ်မပြုတ်မပြုတ်ကို download mode ၀င်ပြီး စစ်ကြည့်နိုင်ပါပြီ။
  

 Credit to www.myflashfile.com ဆရာများကိုလေးစား လျှက်

လာရောက်ဖတ်ရှုသည့်အတွက်ကျေးဇူးတင်ပါသည်။

ScreenShot Photos




















0

Photo Mosaic လုပ်ကြမယ်

Thursday, April 21, 2016
အစိတ်အပိုင်း သေးသေးလေးတွေကို Jigsaw ဆက်သလိုမျိုး ဖန်တီးပြီး ပုံဖော်ရတဲ့ အနုပညာကို Mosaic Art လို့ ဆိုကြပါတယ်။ လူသားတွေရဲ့ ထူးခြားတဲ့ စိတ်ကူးစိတ်သန်းတွေကနေ ပေါ်ထွက်လာတဲ့ ခြားနားတဲ့ အနုပညာ တစ်မျိုးပါပဲ။ Photo Mosaic ဆိုတာကတော့ ဓာတ်ပုံအသေးလေးတွေ အများကြီးကို ပေါင်းစပ်ပြီး ဓာတ်ပုံ အကြီးကြီးပုံစံမျိုး ရအောင် ဖန်တီးတာကို ဆိုလိုတာပါ။ ဒီလိုမျိုး ဖန်တီးထားတဲ့ အနုပညာ လက်ရာတစ်ခုကို မြန်မာအဆိုတော် “အငဲ” ရဲ့ “ကိုး” ဆိုတဲ့ အခွေမှာ တွေ့နိုင်ပါတယ်။
ဒီ Tutorial မှာ အဲဒီလိုမျိုး ဓာတ်ပုံတစ်ပုံကို Photoshop နဲ့ ဘယ်လို ဖန်တီးမယ် ဆိုတဲ့ အခြေခံ သဘောကို ပြောပြပါမယ်။ ဒီလိုဖန်တီးတဲ့ နေရာမှာ နည်းစနစ် ၂ မျိုး ရှိပါလိမ့်မယ်။
ပုံ Pattern ကို အသုံးပြုပြီး ပုံအနည်းငယ်နဲ့ ဖန်တီးခြင်း
ပုံ ထောင်သောင်းချီ အသုံးပြုလို့ Contact Sheet ကို ပြုလုပ်ဖန်တီးခြင်း
အငဲရဲ့ ကိုးအခွေမှာတော့ ဒုတိယ နည်းလမ်းနဲ့ ဖန်တီးထားတာပါ။ ပထမဆုံး ပုံသုံးလေးပုံနဲ့ Pattern ကို အသုံးပြုပြီး ဖန်တီးတာကို အရင်ဆုံးပြောပြပါမယ်။ နမူနာအနေနဲ့ ထူးအိမ်သင် Photo Mosaic တစ်ခုကို ဖန်တီးကြည့်ပါမယ်။
၁) ဒီအတွက် ဖန်တီးမယ့် (900 x 1350 px) ရှိတဲ့ ထူးအိမ်သင်ရဲ့ပုံကို ဖွင့်ပါမယ်။ အဲဒီပုံကို Facebook ထဲက Htoo Eain Thin Fan Club ထဲက ရယူထားတာ ဖြစ်ပါတယ်။
၂) ဒီအပေါ်မှာ Mosaic လုပ်မယ့် ထူးအိမ်သင် ပုံလေးခုကို ဖွင့်ပါမယ်။ ဒါကို Pattern တစ်ခုအနေနဲ့ ဖန်တီးပါမယ်။ ဖန်တီးမယ့် Pattern ဟာ Black & White ဖြစ်ဖို့အတွက် ပုံတွေကို... Image > Adjustments > Desaturate နဲ့ ပြောင်းထားရမှာ ဖြစ်ပါတယ်။ အဖြူအမဲပြောင်းရခြင်းရဲ့ ရည်ရွယ်ချက်က အောက်မှာရှိတဲ့ မူရင်းပုံကို ပိုပြီး ပေါ်လွင်စေဖို့ ဖြစ်ပါတယ်။ မပြောင်းဘဲ ဖန်တီးလည်း ရပါတယ်။
၃) 30px - 23px အရွယ်အစားရှိတဲ့ Pattern တစ်ခုကို Photoshop မှာ ဖန်တီးပါမယ်။
ဖန်တီးတဲ့ Pattern ရဲ့ အရွယ်အစားကတော့ မိမိ ထည့်မယ့် ပုံရဲ့ အရွယ်အစားကို လိုက်ပြီး မသေးလွန်း မကြီးလွန်းချိန်ဆရမှာပါ။ ယခု နမူနာပုံမှာ Mosaic လုပ်မယ့် ပုံက 900 x 1350 ရှိတဲ့အတွက် Pattern တစ်ခုမှာ အကွက်လေးခု ပါတဲ့အတွက်... တစ်ပုံလုံး ပျမ်းမျှ ကြည့်မယ်ဆိုရင် အကွက်အရေအတွက်က အလျားလိုက်မှာ ပုံ ၁၂၀ ခန့် ရှိမှာဖြစ်ပြီး ဒေါင်လိုက်မှာ ပုံ ၂၃၄ ခန့် ရှိမှာ ဖြစ်ပါတယ်။
၎) ပြီးရင် Background Layer အပေါ်မှာ New Layer တစ်ခုခေါ်ပြီး Pattern ကို Fill လုပ်ပါမယ်။ ပြီးသွားရင်ဖြင့် အဲထက်က Layer ရဲ့ Blending Mode ကို (Overlay, Soft Light, Hard Light, Vivid Light) စတာတွေထဲက တစ်ခုခု ထားကြည့်ပါမယ်။ ပုံသေမရှိပါဘူး။ ဒီနမူနာမှာတော့ Hard Light ကို သုံးထားပြီး Layer ရဲ့ Opacity ကို 75% မှာ ထားထားပါတယ်။
အားလုံးစိတ်တိုင်းကျရင်ဖြင့် ဒီအောက်ကအတိုင်း တွေ့မြင်ရမှာ ဖြစ်ပါတယ်။
ဒီထူးအိမ်သင် ပုံကိုပဲ နောက်ထပ် ပုံများများနဲ့ Pattern လုပ်ပြီး ဖန်တီးကြည့်ပါဦးမယ်။ ထူးအိမ်သင် ဆိုက်ဒ်ကနေ ရလာတဲ့ ထူးအိမ်သင်ရဲ့ ပုံတွေနဲ့ အသုံးပြုမှာ ဖြစ်ပါတယ်။
ဒီတစ်ခါမှာ အသုံးပြုမယ့် ပုံတွေက များတဲ့အတွက် Pattern Size ကို (200 x 200 px) မှာ ထားလိုက်ပါမယ်။
Pattern ကို ဖန်တီးပြီးရင် Layer အသစ်တစ်ခု ခေါ်ပြီး Fill လုပ်ပါမယ်။ ဒီပုံမှာတော့ Layer ရဲ့ Mode ကို Vivid Light ရွေးထားပြီး Opacity ကို 60% မှာ ထားပါတယ်။
အထက်က ပြုလုပ်သွားတာတွေကို မှတ်မိအောင် ပြန်ပြောရရင်ဖြင့် အဓိက အဆင့် ၂ ဆင့်ပဲ ရှိပါတယ်။
က) Mosaic လုပ်ချင်တဲ့ ဓာတ်ပုံပေါ်မှာ Layer အသစ်တစ်ခုနဲ့ Pattern Fill လုပ်ရမှာပါ
ခ) Pattern Layer ရဲ့ Blending Mode နဲ့ Opacity ကို လိုသလို ပြောင်းလဲပြီး ဖန်တီးရမှာ ဖြစ်ပါတယ်။
===========================================
ပုံ အနည်းငယ်နဲ့ Mosaic လုပ်တာကို သိပြီးတဲ့အခါမှာ ပုံအများကြီးနဲ့ Mosaic လုပ်တာကို လေ့လာပါမယ်။ ဒီနေရာမှာ ပုံတွေထောင်သောင်းချီပြီး လိုအပ်တာကြောင့် ပုံတွေကို အင်တာနက် စသည်ကနေ ကြိုတင်ရှာဖွေထားရပါမယ်။ အငဲရဲ့ ကိုးမှာတော့ ဗီဒီယိုထဲက ဓာတ်ပုံတွေကို အသုံးပြုထားတာ ဖြစ်ပါတယ်။ အဲဒီလို Video Still Picture တွေကို ရယူမယ် ဆိုရင် Premiere Element စတဲ့ Video Editing Software တစ်ခုခုကို အသုံးပြုပြီး Video Still Capture တွေကို ရယူထားဖို့ လိုပါလိမ့်မယ်။ ပြီးသွားရင်ဖြင့် ပုံတွေကို Folder တစ်ခုတည်းမှာ ထည့်ထားရမှာ ဖြစ်ပါတယ်။ ဒီလိုဆိုရင်ဖြင့် Photoshop နဲ့ Contact Sheet တစ်ခုကို ဖန်တီးလို့ ရပါပြီ။
၅) File > Automate > Contact Sheet II ကိုသွားပါမယ်။ Document Size မှာ ပုံရဲ့ အရွယ်ကို ရွေးပါမယ်။ ထူးအိမ်သင်ပုံက 900 x 1359 pix ဖြစ်တဲ့အတွက် အဲဒီအရွယ်ကို ရွေးပါမယ်။ Resolution ကိုတော့ ဒီနမူနာက အင်တာနက်မှာပဲ အသုံးပြုမှာမို့လို့ 72 dpi ပဲ ထားပါတယ်။ တကယ်လို့ Print Quality လိုချင်ရင်ဖြင့် 300 dpi ထားသင့်ပါတယ်။
ပုံတစ်ပုံချင်းစီ Tumbnails မှာတော့ အလျားလိုက် Column မှာ ပုံ ၁၆ ထားပါမယ်။ ဒေါင်လိုက်က ပိုရှည်တဲ့အတွက် ပုံ ၂၀ ထားပါမယ်။ ပုံတစ်ရာထက် ကျော်ပြီး Contact Sheet ကို လုပ်ခိုင်းလို့ မရပါဘူး။ ခုနမူနာမှာ ပုံ အရေအတွက်ကို တွက်ကြည့်မယ်ဆိုရင် (16 x 20 = 320) ပုံပေါင်း ၃၂၀ ရှိပါမယ်။ ပုံတစ်ခု 900 x 1350 အရွယ် အထဲမှာ ပုံပေါင်း ၃၂၀ ထည့်မှာဖြစ်ပါတယ်။ သင်စုဆောင်းထားတဲ့ ပုံတွေရှိတဲ့ Folder ထဲမှာလည်း ပုံ ၃၂၀ ရှိနေရမှာ ဖြစ်ပါတယ်။
ပုံတစ်ပုံကို ထည့်ချိန်က စက်ရဲ့ အနှေးအမြန်ကို လိုက်ပြီး ပြောင်းလဲပါတယ်။ ကျွန်တော့်စက်မှာဆိုရင် တစ်ပုံကို ၁ စက္ကန့် နီးပါး ကြာမြင့်ပါတယ်။ ဒါကြောင့် ပုံပေါင်း ၈၀၀၀ အတွက် ၂ နာရီကျော် စောင့်ရမှာ ဖြစ်ပါတယ်။ ဒီအချက်ကို မေ့မထားသင့်ပါဘူး။ ဒါကြောင့် ပထမဆုံး စမ်းသပ်တဲ့အခါ ပုံ အနည်းအကျဉ်း ရာဂဏန်း လောက်နဲ့ပဲ စမ်းသပ်သင့်ပါတယ်
သင်ရွေးတဲ့ Folder ထဲမှာလည်း ပုံအရေအတွက်က ၃၂၀ထက် ကျော်ခဲ့ရင် အများကြီး မကျော်သင့်ပါဘူး။ ဘာကြောင့်လဲ ဆိုရင်ဖြင့် အဲဒီ Folder ထဲမှာ ပုံ သုံးသောင်းနဲ့ နှစ်ထောင် ရှိနေခဲ့ရင် Photoshop က အလိုအလျှောက် အနေနဲ့ Contact Sheet ပေါင်း ၁၀၀ တိတိ ဖန်တီးပေးမှာ ဖြစ်ပါတယ်။ ပုံတစ်ပုံကို တစ်စက္ကန့်နှုန်းနဲ့ ဆိုရင် ပုံပေါင်း သုံးသောင်းကျော်အတွက် အနည်းဆုံး ၉ နာရီနီးပါး ကြာမြင့်သွားပါလိမ့်မယ်။ တကယ်လို့ မှားယွင်းပြီး လုပ်ခဲ့လို့၊ ဒါမှမဟုတ် သင့်ရဲ့ စက်က နှေးနေလို့ လုပ်နေတုန်းမှာ ရပ်ချင်တယ် ဆိုရင် Keyboard က Esc ခလုတ်ကို နှိပ်ပြီး ရပ်နိုင်ပါလိမ့်မယ်။ အဲဒီအခါမှာ Photoshop ကနေ လုပ်ပြီးသလောက် Contact Sheet ကို ပြပါလိမ့်မယ်။ Save လုပ်ပြီး သိမ်းချင် သိမ်းနိုင်ပါတယ်။
ပုံတွေရဲ့ ကြားထဲမှာ Spacing မချန်ထားချင်တဲ့အတွက် Use Auto Spacing ဆိုတာကို ဖြုတ်ထားပါမယ်။ တကယ်လို့ Rotate for Best Fit ကို ထည့်ထားရင် ပုံတွေကို လှည့်ပြီး ပေါင်းသွားပါလိမ့်မယ်။
Use Filename as Caption ဆိုတာကိုလည်း ဖြုတ်ထားပါမယ်။ မဟုတ်ရင် ပုံတွေရဲ့ အောက်ခြေမှာ Caption တွေ ပါလာမှာဖြစ်ပါတယ်။
Contact Sheet ရလာပြီဆိုရင် ဟိုးအပေါ်မှာ လုပ်ခဲ့တဲ့ အဆင့် ၃ နဲ့ ၄ အတိုင်း ပြန်လုပ်ရမှာဖြစ်ပါတယ်။ Layer ကို ဒီတစ်ခါတော့ Desaturate လုပ်ပြီး အဖြူအမဲအနေနဲ့ မပြောင်းပါဘူး။
အထက်က ထူးအိမ်သင်ပုံမှာ Rotate for best fit ကို ထည့်ထားတဲ့အတွက် ပုံတွေကိုလှည့်ပြီး ပေါင်းပေးပါတယ်။ ပုံတွေရဲ့ ကြားထဲမှာ အမဲရောင် Gap တွေ ဖြစ်နေပါတယ်။ ဘာလို့ ဖြစ်ရလဲဆိုရင် ပုံတွေရဲ့ အရွယ်အစားတွေက မညီလို့ ဖြစ်တာပါ။ အောက်ဆုံးကရေရင် ၃ တန်းမြောက်အလယ်က ပုံကို တွေ့ပါလိမ့်မယ် ကျန်တဲ့ ပုံတွေအားလုံးက အဲဒီပုံရဲ့ အလျားနဲ့ ညီအောင် တန်းညှိယူရတဲ့အတွက် ကြားထဲမှာ Gap တွေကို photoshop က အလိုအလျောက် ဖြည့်ပေးတာ ဖြစ်ပါတယ်။ ဒါကြောင့် အဲလို မဖြစ်ချင်ရင် အသုံးပြုမယ့် ပုံတွေကို အရင်ဆုံး အရွယ်အစားတူညီအောင် ပြောင်းလဲထားသင့်ပါတယ်။ Action Tool နဲ့ဆိုရင် အလွယ်တကူ ပုံအများကြီးကို အချိန်တိုတွင်း အရွယ်တူအောင် ပြောင်းနိုင်ပါလိမ့်မယ်။ အခြားတစ်ဘက်မှာ Video Still လို့ခေါ်တဲ့ ပုံတွေကို အသုံးပြုရင်တော့ ပုံတွေက အရွယ်တူပြီးသားမို့ ဒီပြဿနာဖြစ်မှာ မဟုတ်ပါဘူး။
ဒီလောက်ဆိုရင်ဖြင့် Photoshop နဲ့ ပုံအများကြီးကို Photo Mosaic လုပ်တဲ့ သဘောတရားကို သိရှိသွားပြီလို့ ထင်ပါတယ်။ ဒါပေမယ့် အင်မတန်မှ လက်ဝင်အချိန်ယူပြီး ဆောင်ရွက်ရတာကို သိရှိထားရပါမယ်။ ဒါကြောင့် မိနစ်ပိုင်းအတွင်း ဖန်တီးနိုင်တဲ့ နည်းပညာတစ်ခုကို လက်တို့ပြီးတော့ ပြောချင်ပါတယ်။ AndreaMosaic ဟာ ဓာတ်ပုံတွေကို လွယ်ကူသက်သာ အဆင်ပြေစွာ ဖန်တီးနိုင်တဲ့ Photo Mosaic Software တစ်ခုပဲ ဖြစ်ပါတယ်။ အဲဒီ Software ကို အသုံးပြုပြီးတော့ စောစောက ထူးအိမ်သင်ကို A4 အရွယ် Print Quality 300 dpi နဲ့ ဓာတ်ပုံ ၃၀၀၀ အသုံးပြုပြီး ဖန်တီးလိုက်တာ ၅ မိနစ် ခန့်ပဲ ကြာပါတယ်။ Software Zip File ကို ဒီ Tutorial ရဲ့ အောက်ဆုံးမှာ Download ယူနိုင်ပါတယ်။
HTOOEAINTHIN ဆိုတဲ့ စာတန်းကိုတော့ ပုံထွက်လာတဲ့အခါမှ Photoshop ထဲမှာ ရိုက်ပြီး Overlay နဲ့ ပြန်ထပ်ထားတာ ဖြစ်ပါတယ်။ Software ကို အသုံးပြုဖို့လည်း လွယ်ပါတယ်။ ပထမဆုံး ဒေါင်းလုပ်ချထားတဲ့ Software ရဲ့ Zip File ကို Extract လုပ်ပြီး Exe File ကို Install လုပ်ရပါမယ်။ Install လုပ်ပြီးရင်ဖြင့် Start > Programs > AndreaMosaic ကိုဖွင့်လိုက်ရုံပါပဲ။
Size Parameters ထဲမှာတော့ လိုတဲ့ Size, Resolution နဲ့ Tile အရေအတွက်ကို ရွေးရပါမယ်။ Pattern ထဲမှာ Standard ကိုရွေးရင် တွေ့နေကျ လေးထောင့်ကွက်နဲ့ ရပါမယ်။ တခြား Parquet, Portrait, Mixed စတာတွေကို ရွေးပြီး ဖန်တီးလို့လည်း ရပါတယ်။ စမ်းသပ်ကြည့်ပါ။
အပေါ်ညာဘက်ခြမ်းက Original Image ဆိုတဲ့နေရာမှာ (+) သင်္ကေတကို နှိပ်ပြီး Mosaic လုပ်လိုတဲ့ပုံကို ရွေးပါမယ်။ ဒီနမူနာမှာတော့ ထူးအိမ်သင်ပုံပဲ ဖြစ်ပါတယ်။
ပြီးရင် Select Tiles ဆိုတဲ့ နေရာကို သွားရပါမယ်။ ဒါဆိုရင်တော့ ဒီအောက်ကအတိုင်း တွေ့ရပါမယ်။
Add Folder ထဲမှာ ကိုလိုတဲ့ ပုံတွေ ရှိတဲ့နေရာကို သွားပါမယ်။ ပြီးရင် Save Archive ကို လုပ်ရပါမယ်။ ချက်ချင်းတက်မလာပါဘူး။ ပုံများရင် များသလို Analysis လုပ်တာကို စောင့်ရပါမယ်။ 100% ပြည့်သွားရင် နာမည်တစ်ခုပေးပြီး သိမ်းလိုက်လို့ ရပါပြီ။ နောက်အကြိမ်တွေ အသုံးပြုချင်ရင်တော့ နဂို အသုံးပြုပြီးသား နာမည်ကို Open Archive ထဲကနေ အလွယ်တကူ ယူသုံးလိုက်ရုံပါပဲ။
အားလုံးပြီးသွားရင်ဖြင့် OK ကို နှိပ်ပြီး စောစောက နေရာကို ပြန်ရောက်ပါမယ်။ Create Mosaic ဆိုတာကို နှိပ်လိုက်ပြီး ထွက်လာမယ့်ပုံကို စောင့်ယူဖို့ပါပဲ။ နာရီများစွာ မကြာဘဲ မိနစ်အနည်းငယ်အတွင်းမှာပဲ ပြီးသွားမှာပါ။ ပြီးသွားတဲ့ ပုံရှိတဲ့ နေရာကို ကြည့်ချင်ရင် Destination Folder ကိုမေးတဲ့အခါ Yes ကို နှိပ်လိုက်ရုံပါပဲ။
Andrea Mosaic Software နဲ့ ပြုလုပ်ထားတဲ့ ထူးအိမ်သင်ပုံတွေကို ဒီအောက်မှာ တွေ့နိုင်ပါတယ်။ “ထူးအိမ်သင်” ဆိုတဲ့ စာတန်းကိုတော့ ပုံထွက်လာမှ Photoshop ထဲမှာ စာရိုက်ပြီး Layer Mode ကို Overlay နဲ့ အသုံးပြုထားတာပါ။

Download Acrobat file here
Download Software here
credit - org
အသစ်တင်တိုင်း facebook က ဖတ်မယ်ဆိုရင်{ ဒီမှာ like } လုပ်ပေးထားပါ
လာရောက်လည်ပတ်တဲ့အတွက် ပုသိမ်သားလေး(နည်းပညာ)မှ ကျေးဇူးတင်ပါတယ်ခင်ဗျာ