အပူပေးခံရတဲ့ ရွှေဟာ အလှဆင်ပစ္စည်း ဖြစ်လာတယ်။ နန်းကြိုးဆွဲခံရတဲ့ ကြေးဟာ ကြေးနီ ချောင်း ဖြစ်လာတယ်။ ထွင်းထုခံရတဲ့ ကျောက်တုံးဟာ ပန်းပုရုပ်ဖြစ်လာတယ်။ ဘ၀မှာ နာကျင်မှု များလေ တန်ဖိုးတက်လေပဲ။
0

SIM Cards များ၏ လုံခြုံရေးဆိုင်ရာ အားနည်းချက်

Tuesday, February 2, 2016
Share this Article on :



ဖုန်းတစ်လုံးတွင် အလုံခြုံဆုံး အစိတ်အပိုင်းအဖြစ် သတ်မှတ်ခံရသည်မှာ SIM ကတ်ပင် ဖြစ်သည်။ အကြောင်းမှာ လျှပ်စစ်ပတ်လမ်းပါသော ထိုပလတ်စတစ်ပြားလေးကို ဖုန်းများ Tablet များတွင် ကွန်ယက်ထောက်ပံ့သူနှင့် ချိတ်ဆက်ကာ ငွေပေးချေခြင်းများအတွက် အသုံးပြုလာကြ၍ ဖြစ်သည်။ အချိန်အတန်ကြာ ကြိုးစားပြီးနောက်တွင် လုံခြုံရေးဆိုင်ရာ လေ့လာသူတစ်ဦးသည် အဆိုပါပစ္စည်း၏ အားနည်းချက်အချို့ကို သိရှိခဲ့ရသည်။ ၎င်းအားနည်းချက်များကို Las Vegas တွင် ကျင်းပသော Black Hat Conference တွင် ဂျာမနီလူမျိုး ဝှက်စာဖော်သူ Karten Nohl သည် ဖုန်းများကို အဝေးမှ မည်သို့ ထိန်းချုပ်နိုင်သည်ကို ရှင်းလင်းတင်ပြ သွားခဲ့သည်။

Nohl နှင့် လုပ်ဖော်ကိုင်ဖက်များသည် ဖုန်းအများစု၏ SIM ကတ်များကို ပရိုဂရမ်ရေးသားခြင်းဖြင့် အဓိက ထိန်းချုပ်နိုင်မည့် နည်းလမ်းကို ရှာတွေ့ခဲ့သည်။ ထို့ကြောင့် လုံခြုံရေးအဆင့်မြင့်သော မည့်သည့်ပစ္စည်းကိုမဆို ကျော်လွှားသွားနိုင်မည် ဖြစ်သည်။

ကတ်များ၏ ပထမအားနည်းချက်မှာ အသုံးပြုထားသော ဝှက်စာစနစ်ပင်ဖြစ်သည်။ ယနေ့အသုံးပြုနေသော SIM ကတ်အားလုံး၏ ၁/၈ ပုံခန့်သည် ၁၉၇၀ ဝန်းကျင်တွင် ဖန်တီးခဲ့သည့် Data Encryption Standard (DES) ကို အသုံးပြုနေသေးကြောင်း Nohl က ခန့်မှန်းထားသည်။ အဆိုပါဝှက်စာသွင်းနည်းမှာ လုံခြုံရေး အားနည်းချက်များကြောင့် အသုံးနည်းလာသော နည်းလမ်းတစ်ခုဖြစ်သည်။


ကွန်ယက်ထောက်ပံ့သူများသည် SIM ကတ်အတွင်းသို့ OTA (Over-The-Air) Message ပေးပို့ကာ ပရိုဂရမ်ရေးသွင်းနိုင်သည်။ SIM ကတ်အပြောင်းအလဲ ပြုလုပ်သောအခါ ကွန်ယက်မှ အင်တာနက်အသုံးပြု နိုင်စေရန် Configuration Message ပေးပို့သည့်ပုံစံ ဖြစ်သည်။ Digital Signature မတူသည့် OTA Message များအား လက်ခံရရှိသောအခါ Error Message ထုတ်ပေးလေ့ရှိသည်။ DES နည်းဖြင့် ဝှက်စာ သွင်းထားသည့် SIM ကတ်များမှာမူ ဝှက်စာသွင်းထားသည့် Digital Signature ကိုပါ ထုတ်ပေးလေ့ရှိကြောင်း လေ့လာသူများက သိရှိခဲ့သည်။ အဆိုပါ Signature ကို ကြီ:မားသော Rainbow Table များဖြင့် ဝှက်စာဖော်နိုင်ခဲ့သည်။ ထိုသို့ပြုလုပ်ပြီးနောက်တွင် ကွန်ယက်တူသော SIM ကတ်အားလုံးကို ကူးယူခြင်း ပရိုဂရမ် ပြန်လည်ရေးသားခြင်းများ ပြုလုပ်နိုင်မည်ဖြစ်သည်။ ဤနည်းအားဖြင့် အသုံးပြုနေသူ၏ ဖုန်းခေါ်ဆို မှုများကို ကြားဖြတ်ဖမ်းယူခြင်း SMS ပေးပို့ခြင်း အသုံးပြုသူမသိရှိစေဘဲ ဖျောက်ဖျက်ပစ်ခြင်း စသည့် ကွန်ယက်နှင့်ဆိုင်သော ကိစ္စရပ်တိုင်းကို လုပ်ဆောင်နိုင်တော့မည်ဖြစ်သည်။

ဒုတိယအားနည်းချက်မှာ လုံခြုံရေးအဆင့်အတန်း မသတ်မှတ်ရသေးသည့် ပရိုဂရမ်များအား ကွန်ယက် ထဲတွင် သုံးစွဲသည့်အခါ Memory ရယူနိုင်ခွင့်အား ကန့်သတ်ထားသည့်စနစ် ဖြစ်သော Sandboxing System ဖြစ်သည်။ ကတ်အတွင်းရှိ ပရိုဂရမ်များသည် ကတ်အတွင်းရှိ အခြားအချက်အလက်များအား သုံးစွဲ နိုင်ခွင့်ကို ကန့်သတ်ထားသင့်သည်။ သို့သော် ကတ်အများစုတွင် အဆိုပါ Sandbox System မှာ ချိုးဖျက်ရန် လွယ်ကူပြီး မိုဘိုင်းငွေချေစနစ်၏ အချက်အလက်များကို အခက်အခဲမရှိ ရယူနိုင်သည်။

ကွန်ယက်ထောက်ပံ့သူများအနေဖြင့် အသုံးပြုသူများ၏ အကျိုးထိခိုက်နိုင်သည့် လုံခြုံရေးအားနည်းချက်များကို အဖြေရှာလျက်ရှိသည်။ အမေရိကန်နိုင်ငံရှိ ကွန်ယက်ထောက်ပံ့သူများဖြစ်သော AT&T နှင့် Verizon တို့က ၎င်းတို့၏ ကတ်များကို ထိုသို့ပြုလုပ်ရန် မလွယ်ကူကြောင်း ပြောကြားထားသည်။ AT&T လုပ်ငန်းက ၎င်းတို့အနေဖြင့် Triple Data Encryption Standards (3DES) ကို သုံးစွဲနေသည်မှာ အချိန်အတန် ကြာပြီဖြစ်ကြောင်း အဆိုပါနည်းမှာ Nohl ၏ Error Message ဖြင့် ထိုးဖောက်ခြင်းကို ကောင်းစွာဟန့်တား နိုင်ကြောင်း ဖြေရှင်းချက်ပေးသည်။ ကတ်များအား Sandboxing နည်းဖြင့် တိုက်ခိုက်ရန်မှာ ဖြစ်နိုင်သော်လည်း ဝှက်စာဖော်သည့် နံပါတ်မရှိသေးပါက အကျိုးသက်ရောက်မှု ရှိလိမ့်မည်မဟုတ်ပေ။

2-2-2016
စီစဉ်တင်ဆက်သူ - Nub90d (MEHN Team)



အဆင်ပြေပါစေ။

                             ပန်လည်မျှဝေသူ-KoHtike(KHMITC)


Artikel Terkait:

0 comments:

Post a Comment