အပူပေးခံရတဲ့ ရွှေဟာ အလှဆင်ပစ္စည်း ဖြစ်လာတယ်။ နန်းကြိုးဆွဲခံရတဲ့ ကြေးဟာ ကြေးနီ ချောင်း ဖြစ်လာတယ်။ ထွင်းထုခံရတဲ့ ကျောက်တုံးဟာ ပန်းပုရုပ်ဖြစ်လာတယ်။ ဘ၀မှာ နာကျင်မှု များလေ တန်ဖိုးတက်လေပဲ။
0

iPhone ဖြင့် ATM စက်များတွင် ငွေထုတ်ယူနိုင်မည်

Sunday, February 7, 2016
Share this Article on :


Apple Pay ကို အသုံးပြု၍ ATM စက်များမှ ငွေထုတ်ယူနိုင်တော့မည်ဖြစ်သည်။ Apple Pay သည် Point of Sale Terminal များရှိသည့် အရောင်းဆိုင်များတွင် Credit, Debit Card များအစား iPhone ဖြင့် ငွေပေးချေနိုင်သည့် ၀န်ဆောင်မှုဖြစ်ပါသည်။ iPhone တွင် ကဒ်များကို ဒစ်ဂျစ်တယ်နည်းဖြင့် သိမ်းဆည်းထားခြင်းဖြစ်ပါသည်။ ယခုအခါ ATM စက်များနှင့်ပါ Apple Pay က တွဲဖက် အလုပ်လုပ်နိုင်မည်ဖြစ်သည်။

Bank of America နှင့် Wells Fargo တို့သည် Apple နှင့် ပူးပေါင်းရန် လုပ်ဆောင်နေပါသည်။ ဘဏ်များက Apple Pay နှင့် ပူးပေါင်းမည်ဟု အစောပိုင်းက တိုက်ရိုက်မပြောသော်လည်း Wells Fargo ၏ ATM ဌာနမှ အကြီးအကဲဖြစ်သူ Jonathan Velline က ATM စက်များတွင် ကဒ်များအစား မိုဘိုင်းဖုန်းမှ NFC ဆက်သွယ်မှုဖြင့် ငွေထုတ်ယူနိုင်စေမည့် နည်းပညာကို တီထွင်နေသည်ဟု ပြောပါသည်။ TechCrunch က မေးမြန်းရာတွင် Apple Pay ကို ပံ့ပိုးပေးမည်ဟု အတည်ပြုပါသည်။ အဆိုပါ နည်းပညာကို Android Pay နှင့်လည်း အသုံးပြုနိုင်မည်ဖြစ်သည်။

ကဒ်များအစား iPhone ဖြင့် ငွေပေးခြင်း၊ ငွေထုတ်ခြင်းများသည် ပိုမိုလုံခြုံစိတ်ချရပါသည်။ iPhone ၏ လက်ဗွေရာ စစ်ဆေးသည့် စွမ်းရည်ကြောင့် စိတ်ချရခြင်းဖြစ်သကဲ့သို့ ATM စက်များတွင် သတင်းအချက်အလက်ခိုးယူသည့် Skimmers စက်များ၏ အန္တရာယ်ကိုလည်း စိုးရိမ်ရန် မလိုတော့ပါ။


Credit to ==> Myanmar Digital Life Journal





                                  KoHtike(KHMITC)
ကောင်းနိုးရာရာလေးများ စုစည်းမျှဝေချင်း။


Artikel Terkait:

0 comments:

Post a Comment