အပူပေးခံရတဲ့ ရွှေဟာ အလှဆင်ပစ္စည်း ဖြစ်လာတယ်။ နန်းကြိုးဆွဲခံရတဲ့ ကြေးဟာ ကြေးနီ ချောင်း ဖြစ်လာတယ်။ ထွင်းထုခံရတဲ့ ကျောက်တုံးဟာ ပန်းပုရုပ်ဖြစ်လာတယ်။ ဘ၀မှာ နာကျင်မှု များလေ တန်ဖိုးတက်လေပဲ။
0

USB Drive ထဲ ကို Virus မ၀င်အောင် ဘယ်လိုလုပ်မလဲ ???.

Sunday, January 3, 2016
Share this Article on :


ဒီနေ့တော့ ကျနော် USB Drive တွေမှာ အဖြစ်များတတ်တဲ့ Virus ၀င်နေတဲ့ ပြသနာကို
ဘယ်လိုမ၀င်အောင်တားမလဲ ဘယ်လိုလုပ်ရမလဲလို့ လာလာမေးနေတဲ့ ညီအကိုများအတွက်
ကျနော် တင်ပေးလိုက်ပါတယ် .. နည်းကတော့ လွယ်လွယ်လေးပါ ....

ကဲပထမဦးဆုံး ကိုယ့်ရဲ့ USB Drive က data တွေ ကွန်ပျူတာထဲ ကူးထည့်ထားပါ..
ပီးရင် USB ကို Format ရိုက်ပါ....


Format ရိုက်လို့ ပီးသွားရင် Window+R နှိပ်ပီး Run box ကနေ
CMD ထဲဝင်ပါ..


ပီးရင် CMD ကနေ ကျနော်ပြထားတဲ့ Code အတိုင်းရိုက်ပါ.. (convert e: /fs:ntfs)
ဒီနေရာမှာ e ဆိုတာလေးကတော့ Drive ရဲ့ Name နောက်က ဟာလေးပါ. .
 i ဆို i , d ဆို d အစားထိုးပီးရေးပေးပါ. ပီးရင် Enter ခေါက်ပါ..



သူ့ဘာသူ NTFS System ပြောင်းနေပါလိမ့်မယ် ပီးတဲ့အထိ စောင့်ပါ..
ပီးသွားရင် ကိုယ်ထည့်မယ့် ဖိုင်တွေ ကူးထည့်လို့ ရပါပီ...

ပြီးရင် My computer ထဲမှာToolsထဲက Folder Option ကိုဖွင့်ပါ


ပီးရင် View Tap ရဲ့ အောက်ဆုံးက Use simple file sharing ကို
အမှန်ခြစ်ဖြုတ်ပေးပါ..ပြီးရင် Apply ,OK ပေါ့



ပြီးရင် My computer ထဲကကိုယ်ရဲ Pen Drive ပေါ်မှာညာဘက်
ကလစ်လုပ်ပြီး Properties ထဲကို ၀င်ပါ.



security Tab ထဲမှာပုံမှန်အားဖြင့်တော့ Full control ဖြစ်နေလိမ့်မယ်။
Edit ထဲဝင်ပါ..



အဲဒီမှာ Full Control ဆိုတာရယ်၊ Modify ဆိုတာရယ်၊ write ဆိုတာရယ်
ကိုအမှန်ခြစ်ဖြုတ်ပေးရပါမယ်။ ပြီးရင် Apply , Ok ပေါ့



ဒီလိုပုံစံအတိုင်းဖြစ်ရင်တော့ ရပါပြီ



 ကိုယ်ကFull Controlပြန်မလုပ်သရွေ.ဖိုင်တွေထပ်ထည့်လိုမရတော့ပါဘူး။အထဲကဖိုင်တွေက
တောပုံမှန်ယူသုံးလို့ရနေမှာပါ။ကိုယ်ကFull Controlပြန်မလုပ်သရွေ.ဗိုင်းရပ်တွေကလည်း
ကျွန်တော်တို. USBa Driveထဲက၀င်လာနိုင်စရာမရတော့ဘူးပေါ့အဆင်ပြေပါစေ...







Artikel Terkait:

0 comments:

Post a Comment