အပူပေးခံရတဲ့ ရွှေဟာ အလှဆင်ပစ္စည်း ဖြစ်လာတယ်။ နန်းကြိုးဆွဲခံရတဲ့ ကြေးဟာ ကြေးနီ ချောင်း ဖြစ်လာတယ်။ ထွင်းထုခံရတဲ့ ကျောက်တုံးဟာ ပန်းပုရုပ်ဖြစ်လာတယ်။ ဘ၀မှာ နာကျင်မှု များလေ တန်ဖိုးတက်လေပဲ။
0
ဝါ​သ​နာ​ကို​ရွေး​မ​လား၊ ​ငွေ​ကြေး​နောက်​လိုက်​မ​လား?
Monday, December 14, 2015
Share this Article on :
လူ​ငယ်​တွေ​တော်​တော်​များ​များ​ကြုံ ​ရ​တဲ့​အ​ခက်​အ​ခဲ​က​တော့ ​အ​လုပ်​လုပ်​နေ ​စဉ်​မှာ ​ပိုက်​ဆံ​ပို​ရ​တဲ့​အ​လုပ်​နောက်​ကို​ပဲ ​လိုက်​ရ​မ​လား၊ ​ကိုယ့်​ရဲ့​လက်​ရှိ​ဝါ​သ​နာ​ပါ​တဲ့ ​အ​လုပ်​မှာ​ပဲ ​ဆက်​နေ​သ​င့်​သ​လား​ဆို​တဲ့ ​ဒွိ​ဟ​စိတ်​ပါ။ ​လူ​ငယ်​တော်​တော်​များ​များ​က ​အ​သက်​မွေး​ဝမ်း​ကျောင်း​ကို​စဉ်း​စား​တဲ့​အ​ခါ ​မှာ ​ကိုယ့်​ရဲ့​စိတ်​ပါ​ဝင်​စား​မှု​ရယ်၊ ​စိတ်​အား ​ထက်​သန်​မှု​ရယ်​ကို​အ​ခြေ​ခံ​ပြီး ​ကိုယ်​ဝါ​သ ​နာ​ပါ​ရာ​ကို ​ခွဲ​ခြမ်း​စိတ်​ဖြာ​ကြ​ပါ​တယ်။ ​အဲ ​ဒီ​အ​ပေါ်​မှာ ​အ​ခြေ​ခံ​ပြီး​ကိုယ့်​ရဲ့​ဝါ​သ​နာ​ကို ​သိ​ရှိ​လာ​ကြ​ပါ​တယ်။
အ​လုပ်​အ​ကိုင်​ရွေး​ချယ်​ကြ​တဲ့​အ​ခါ ​မှာ​တ​ချို့​တွေ​အ​တွက် ​ဝါ​သ​နာ​ပါ​ရာ​အ ​လုပ်​ကို​ရွေး​ချယ်​နိုင်​ခွ​င့်​ရှိ​ပေ​မဲ့ ​တ​ချို့​တွေ ​အ​တွက်​တော့ ​အ​ကြောင်း​အ​မျိုး​မျိုး ​ကြောင့်​ဝါ​သ​နာ​ပါ​ရာ​အ​လုပ်​အ​စား ​တ​ခြား ​အ​လုပ်​အ​ကိုင်​ကို​သာ​မ​ဖြစ်​မ​နေ​ရွေး​ကြ​ရ​ပါ ​တယ်။ ​အဲ​ဒီ​အ​ကြောင်း​အ​ချက်​တွေ​ထဲ​က ​အ​ဓိ​က​အ​ကြောင်း​အ​ချက်​က​တော့ ​ငွေ ​ကြေး​ကြောင့်​ပဲ​ဖြစ်​ပါ​တယ်။ ​ငွေ​ကြေး​အ ​တွက် ​ဝါ​သ​နာ​ပါ​ရာ​အ​လုပ်​ကို​စွန့်​ခွာ​ကြ​ရ ​ပါ​တယ်။
လက်​ရှိ​အ​လုပ်​က​နေ​စွန့်​ခွာ​ပြီး ​နောက် ​ထပ်​အ​လုပ်​သစ်​တစ်​ခု​ကို​ပြောင်း​ရွေ့​ဖို့​အ ​တွက်​အ​ကြောင်း​အ​ချက်​တွေ​များ​စွာ​ရှိ​ပါ​တယ်။
ငွေ​ကြေး​သို့​မ​ဟုတ် ​ပျော်​ရွှင်မှု
ကိုယ့်​ရဲ့​ဝါ​သ​နာ​နဲ့​လုပ်​ကိုင်​ရ​မယ့်​အ ​လုပ်​က​ကိုယ့်​ရဲ့​အ​သက်​မွေး​မှု​အ​တွက်​အာ ​မ​ခံ​ချက်​မ​ပေး​နိုင်​တဲ့​အ​ခါ​မျိုး​မှာ ​ဝါ​သ​နာ​ကို ​စွန့်​လွ​တှ်​ပြီး ​ငွေ​ကြေး​နောက်​ကို​လိုက်​ကြ​ရ ​ပါ​တယ်။ ​အဲ ​ဒီ​လို​ငွေ​ကြေး​နောက်​ကို​လိုက် ​ကြ​ရ​တဲ့​အ​ခါ​မှာ ​အ​လုပ်​ခွင်​အ​တွင်း​မှာ​မ ​ပျော်​ရွ​ငှ်​မှု​တွေ၊ ​စိတ်​ဖိ​စီး​မှု​တွေ​နဲ့​အ​တူ​အ ​မှား​အ​ယွင်း​တွေ​ဖြစ်​ပေါ်​လာ​တတ်​ပါ​တယ်။
တ​ချို့​တွေ​လည်း ​ဝါ​သ​နာ​ပါ​ရာ​ကို​စွန့် ​လွ​တှ်​ပြီး ​ငွေ​ကြေး​နောက်​လိုက်​ရင်း​က​မှ ​အဲ​ဒီ​အ​လုပ်​ခွင်​မှာ ​စိ​တfaysာ်​ရွ​ငှ်​သွား​ကြ ​တာ​တွေ​လည်း​ရှိ​ပါ​တယ်။ ​ဒါ​ကြောင့် ​ကိုယ် ​ရွေး​ချယ်​လိုက်​တဲ့​အ​လုပ်​ကို ​ချစ်​အောင် ​ကြိုး​စား​ဖို့​လို​ပါ​တယ်။ ​အ​လုပ်​ကို​လည်း​မ ​ချစ်​နိုင်​ဘူး၊ ​အ​လုပ်​ခွင်​မှာ​လည်း raysာ်​ပိုက် ​တော့​ဘူး​ဆို​ရင်​တော့ ​အဲ​ဒီ​အ​လုပ်​ကို​အ​ဆုံး ​သတ်​သ​င့်​ပါ​တယ်။ ​ငွေ​ကြေး​က ​အ​စ​စ ​အ​ရာ​ရာ​မ​ဖန်​တီး​ပေး​နိုင်​ပါ​ဘူး။ ​အ​ထူး​သ ​ဖြ​င့faysာ်​ရွ​ငှ်​မှု​ကို ​ငွေ​ကြေး​နဲ့​ဝယ်​ယူ​လို့​မ​ရ ​နိုင်​ပါ​ဘူး။ ​ကိုယ့်​ရဲ့​ဝါ​သ​နာ​ကို ​ငွေ​ကြေး​နဲ့ ​ဝယ်​ယူ​လို့​မ​ရ​နိုင်​ပါ​ဘူး။
က​မ္ဘာ့​အ​တွေး​အ​ခေါ်​ပ​ညာ​ရှင်​ကြီး ​ကွန်​ဖြူး​ရှပ်​က​အ​လုပ်​နဲ့​ပတ်​သက်​ပြီး​အောက် ​ပါ​အ​တိုင်း​ပြော​ခဲ့​ပါ​တယ်။
‘‘​အ​လုပ်​ရှာ​တဲ့​အ​ခါ​မှာ ​ကိုယ်​ချစ်​တဲ့ ​အ​လုပ်​ကို​ရှာ​ပါ။ ​အဲ​ဒါ​ဆို​ရင် ​ကိုယ့်​ဘဝ ​မှာ ​အ​လုပ်​လုပ်​ရ​တဲ့​နေ့​ရက်​ဆို​တာ​မ​ရှိ ​တော့​ဘူး’’
ကို​ယ်ပျော်ရွှင်​ရ​တဲ့​အ​လုပ်၊ ​ကိုယ်​နှစ် ​သက်​တဲ့​အ​လုပ်​ကို​လုပ်​ရ​တဲ့​အ​ခါ ​အ​လုပ် ​လုပ်​ရ​တယ်​လို့​မ​ထင်​တော့​ဘဲ ​အဲ​ဒီ​အ​လုပ် ​မှာ​ပျော်​ရွ​ငှ်​နေ​ရ​တာ​ကို​ပြော​ထား​တဲ့​စ​ကား ​လေး​ဖြစ်​ပါ​တယ်။
လ​စာ​နည်း​ပေ​မဲ့ ​ရေ​ရှည်​မှာ ​အောင်​မြင်​မှု ​ရ​နိုင်​တဲ့​အ​လုပ်
ဝါ​သ​နာ​ပါ​တဲ့​အ​လုပ်​က ​လက်​ရှိ​မှာ ​လ​စာ​အ​နေ​နဲ့​ဖြစ်​ဖြစ်၊ ​လုပ်​ပိုင်​ခွ​င့်​အ​နေ​နဲ့ ​ဖြစ်​ဖြစ်၊ ​အ​ခွ​င့်​အ​လမ်း​အ​နေ​နဲ့​ဖြစ်​ဖြစ် ​ရ​ပိုင်​ခွ​င့်​နည်း​ပါး​ပေ​မဲ့ ​ရေ​ရှည်​မှာ​ကိုယ့်​အ ​တွက်​အောင်​မြင်​မှု​ရှိ​မယ်​ဆို​ရင်​လည်း ​ကိုယ် ​ဝါ​သ​နာ​ပါ​တဲ့​အ​လုပ်​ကို ​ငွေ​ကြေး​အ​တွက် ​ကြောင့်​မ​စွန့်​လွ​တှ်​သ​င့်​ပါ​ဘူး။ ​လက်​ရှိ​မှာ ​လ​စာ​က​လည်း​နည်း​တယ်။ ​နောင်​အ​နာ ​ဂတ်​မှာ ​ကိုယ့်​အ​တွက်​အ​ခွ​င့်​အ​လမ်း​က ​လည်း​မ​ရေ​မ​ရာ ​မ​သေ​မ​ချာ​ဆို​ရင်​တော့ ​အဲ ​ဒီ​အ​လုပ်​ကို ​သံ​သ​ယ​မ​ဖြစ်​ဘဲ​စွန့်​လွ​တှ်​သ​င့် ​ပါ​တယ်။
 ကိုယ့်​ရဲ့​အ​ခြေ​အ​နေ​က ​မိ​သား​စု​တစ် ​ခု​လုံး​အ​တွက် ​အ​ထောက်​အ​ပံ့​ဖြစ်​နေ​လို့ ​ဝါ​သ​နာ​ကို​စွန့်​လွ​တှ်​ပြီး ​ငွေ​ကြေး​နောက်​ကို ​လိုက်​မယ်​ဆို​ရင်​လည်း ​ကိုယ့်​မှာ​သတ်​မှတ် ​ထား​တဲ့​အ​ချိန်​အ​ကန့်​အ​သက်​တစ်​ခု​ရှိ​ရ​ပါ ​မယ်။ ​တစ်​ချိန်​လုံး​ချည်း​ငွေ​ကြေး​နောက်​ကို ​ပဲ​တ​ကောက်​ကောက်​လိုက်​နေ​ပြီး ​လက်​ရှိ ​အ​လုပ်​က ​ကိုယ့်​ကို​ငွေ​ကြေး​တစ်​ခု​သာ​ပေး ​နိုင်​ပြီး ​ပျော်​ရွ​ငှ်​မှု​လည်း ​မ​ပေး​နိုင်၊ ​ယုံ​ကြည် ​မှု​လည်း​မ​ပေး​နိုင်၊ ​အောင်​မြင်​မှု​လည်း ​မ​ပေး ​နိုင်​ဆို​ရင်​တော့ ​ကိုယ်​က​ဘဝ​မှာ​ငွေ​ကြေး ​တစ်​ခု​ထဲ​အ​တွက် ​ရှင်​သန်​နေ​ရ​သ​လို​ဖြစ် ​နေ​ပါ​ပြီ။ ​ငွေ​ကြေး​တစ်​ခု​ထဲ​နဲ့​ရှင်​သန်​ဖို့ ​အ​တွက် ​ဘဝ​ဆို​တာ​တို​တောင်း​လွန်း​ပါ ​တယ်။
 ပို​ကောင်း​တဲ့​အ​ခွ​င့်​အ​လမ်း​တွေ​ရှိ​တာ
လက်​ရှိ​အ​လုပ်​ထက် ​ပို​ကောင်း​တဲ့ ​အ​ခွ​င့်​အ​လမ်း​တွေ​ကြောင့် ​အ​လုပ်​သစ်​ကို ​စွန့်​ခွာ​တတ်​ပါ​တယ်။ ​အ​လုပ်​ခွင်​မှာ​ဝန်​ထမ်း ​တွေ​အ​တွက် ​အ​ခွ​င့်​အ​လမ်း​တွေ​ဖန်​တီး​မ ​ပေး​နိုင်​တာ​က​လည်း ​အ​လုပ်​ထွက်​ဖို့​တွန်း ​အား​တစ်​ရပ်​ဖြစ်​စေ​ပါ​တယ်။ ​လက်​ရှိ ​အ​လုပ်​က ​တက်​လမ်း​မ​ရှိ​ဘူး​လို့​မြင်​လာ​တဲ့ ​အ​ခါ​ဒါ​မှ​မ​ဟုတ် ​နည်း​လမ်း​ဟောင်း​ကြီး ​အ​တိုင်း​ပဲ​သ​မား​ရိုး​ကျ​သွား​နေ​တာ​ကြောင့် ​ငြီး​ငွေ့​လာ​တဲ့​အ​ခါ​မှာ ​အ​လုပ်​သစ်​ရှာ​ဖို့ ​စဉ်း​စား​လာ​ကြ​ပါ​တယ်။
‘‘​ပြောင်း​လဲ​မှု​က ​အ​ခွ​င့်​အ​လမ်း​ကို​ယူ ​ဆောင်​လာ​တယ်’’
 အဲ​ဒီ​လို​ပြော​သူ​က​တော့ ​စီး​ပွား​ရေး ​လုပ်​ငန်း​ရှင်​တစ်​ဦး​ဖြစ်​သူ ​အ​မေ​ရိ​ကန် ​နိုင်​ငံ​သား ​ငြိ​သျှ​က​ဘ​န​င​ည​ဖြစ်​ပါ​တယ်။
 တ​ချို့​တွေ​အ​တွက် ​အ​ခွ​င့်​အ​လမ်း​ဆို ​တာ​လွယ်​လွယ်​ကူ​ကူ​ရ​နိုင်​ပေ​မဲ့ ​အ​များ​စု ​အ​တွက်​တော့ ​အ​ခွ​င့်​အ​လမ်း​ဆို​တာ​ကို ​ကိုယ်​တိုင်​ပဲ​ရှာ​ဖွေ​ရ​ပါ​တယ်။ ​ကိုယ်​တိုင်​ပဲ ​ပြောင်း​လဲ​မှု​တွေ​လုပ်​ပြီး ​အ​ခွ​င့်​အ​လမ်း​ကို ​ယူ​ဆောင်​ရ​ပါ​တယ်။
 ဝါ​သ​နာ​ကို​ထား​ခဲ့​ပြီး ​ငွေ​ကြေး​နောက် ​လိုက်​မ​လား
ခု​နောက်​ပိုင်း​လူ​ငယ်​တော်​တော်​များ ​များ​ကို ​မေး​ကြည့်​လိုက်​ရင် ​လက်​ရှိ​အ​လုပ် ​ကို​ဝါ​သ​နာ​ပါ​လို့​လုပ်​နေ​ကြ​သူ​က​အ​နည်း​ငယ် ​ပဲ​ရှိ​ပြီး ​ငွေ​ကြေး​ကြောင့် ​ဝါ​သ​နာ​မ​ပါ​ဘဲ ​လုပ်​နေ​ရ​သူ​က ​အ​များ​စု​ဖြစ်​နေ​ပါ​တယ်။ ​တ​ချို့​လည်း​ဝါ​သ​နာ​ပါ​ရာ​ပန်း​တိုင်​ကို ​တစ် ​နေ့​နေ့​အ​ရောက်​သွား​ဖို့​ဆုံး​ဖြတ်​ထား​သူ​ရှိ ​သ​လို၊ ​တ​ချို့​လည်း ​ကျ​ရာ​နေ​ရာ​မှာ​အ​ဆင် ​ပြေ​သ​လို​နေ​လိုက်​ဖို့​ပဲ​စဉ်း​စား​ကြ​သူ​တွေ​ရှိ​ပါ ​တယ်။
ဖြစ်​ချင်​တာ​က​တစ်​ခု၊ ​ဖြစ်​နေ​ရ​တာ​က ​တစ်​ခု​ဖြစ်​နေ​တဲ့ ​လူ​ငယ်​တွေ​ဘယ်​လောက် ​များ​များ​ရှိ​နေ​ပြီ​လဲ။ ​အ​နှစ်​သက်​ဆုံး​ဝါ​သ​နာ ​ကို​ဘေး​ချ​ပြီး ​အ​ကြောင်း​အ​မျိုး​မျိုး​ကြောင့် ​ငွေ​ကြေး​နောက်​ကို​လိုက်​လာ​ကြ​တဲ့​ဝန်​ထမ်း ​တွေ ​သူ​တို့​ရဲ့​လက်​ရှိ​ဘဝ​ကို​ကျေ​နပ်​ကြ​ရဲ့ ​လား။ ​ဒီ​မေး​ခွန်း​ရဲ့ ​အ​ဖြေ​က​တော့ ​အား​လုံး ​မ​တူ​ညီ​နိုင်​ပါ​ဘူး။ ​ကျ​ရာ​နေ​ရာ​မှာ ​ပျော် ​အောင်​ကြိုး​စား​ပြီး​နေ​ကြ​တဲ့​သူ​တွေ​ရှိ​သ​လို၊ ​ကိုယ်​ရူး​သွပ်​ရာ၊ ​ကိုယ်​ဝါ​သ​နာ​ပါ​ရာ၊ ​ကိုယ် ​စိတ်​အား​ထက်​သန်​တဲ့​အ​လုပ်​ကို ​လုံး​လုံး ​လျား​လျား​စွန့်​ပစ်​ဖို့ ​စိတ်​ကူး​မ​ရှိ​သူ​တွေ ​လည်း​ရှိ​မှာ​ပါ။ ​ဘယ်​လို​အ​တွက်​ကြောင့်​ပဲ ​ဖြစ်​စေ ​ကိုယ်​ဝါ​သ​နာ​ပါ​ရာ​ကို​စွန့်​လွ​တှ်​ပြီး ​ငွေ​ကြေး​တစ်​ခု​ထဲ​နောက်​ကို​လိုက်​ဖို့​အ​တွက် ​ဘဝ​ဆို​တာ ​တို​တောင်း​လွန်း​ပါ​တယ်။
HR Journal
Artikel Terkait:
0 comments:
Post a Comment