Nero ဆော့ဝဲလ်ဖြင့် အခွေကူးနည်း ၊ Password နဲ့ ပိတ်နည်းစတဲ့ လေ့ကျင့်ခန်း Video တွေကို Nero မူရင်းဆိုဒ် ဒီမှာ ဝင်ရောက်ကြည့်ရှု လေ့လာနိုင်မှာ ဖြစ်ပြီး.. Nero 8 ဖြင့် CD/DVD ထုတ်လုပ်နည်း စာအုပ်ကိုလည်း ဒီ Nero Burning ROM 14 နဲ့ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်..။ DVD တစ်ချပ်ထဲမှာ ရုပ်ရှင်ကားတွေ အများကြီး ထည့်နည်းပါ ပါတဲ့ အဲ့ဒီစာအုပ်လေးကို မယူရသေးတဲ့သူများကတော့ ဒီမှာကလစ်ပြီး သွားပြန်ယူနိုင်ပါတယ်..။ ဒီနာမည်ကြီး အခွေကူးတဲ့ Nero Burning ROM ဆော့ဝဲလ်ကို လိုအပ်တဲ့ သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 79 MB ရှိပါတယ်..။ ဆော့ဝဲလ်ရော crack ပါ ဒါင်းယူရမှာ ဖြစ်ပါတယ်..။
ကြိုက်ရာလင့်ကနေ ဒေါင်းယူပါ
Nero Burning ROM 2014 Nero Burning ROM 2014
Adfly (79 MB) Adfocus (79 MB)
Crack and Key (5 MB) Crack and Key (5 MB)
အရင် Nero ဗါးရှင်းတွေ ရှိနေရင်တော့ Uninstall နဲ့ ထုတ်ပစ်ပြီး စက်ကို Restart ပေးပြီးမှ ဒီဆော့ဝဲလ်ကို Install ထည့်ပါ..။ Install ထည့်ပြီးတဲ့ အခါမှာ လုံးဝ Update မလုပ်ပါနဲ့..။ အောက်ကပုံလေးအတိုင်း အမှန်ခြစ် ဖြုတ်ပြီးမှ Finish ပေးလိုက်ပါ..
Notepad နဲ့ ရေးပေးလိုက်တဲ့ လုပ်နည်းအတိုင်း အပေါ်ပုံ အဆင့် ၂-နေရာက အတိုင်း AdvrCntr6.dll ဆိုတဲ့ crack လေးကို အရင်ဆုံး C: ထဲက Nero ဆော့ဝဲလ်ရဲ့ ဖိုင်လေးထဲမှာ အောက်ကပုံလေးအတိုင်း သွားထည့်ပေးလိုက်ပါ..။ အပြာရောင်မျှားနေရာကတော့ C: ထဲက လမ်းကြောင်းကို ကြည့်တတ်အောင် ပြပေးလိုက်တာပါ..။ copy ယူလာတဲ့ crack ဖိုင်လေးကို အောက်ကပုံလေးအတိုင်း ထည့်ပေးလိုက်ပါ..
တတိယ crack ဖိုင်လေးကိုတော့ အောက်ကပုံလေးအတိုင်း ၂-ချက်တောက်ပြီး Run ပေးလိုက်ပါ..
crack ၃-ခု ထည့်ပေးပြီးရင်တော့ နောက်ဆုံးအဆင့်မှာ အောက်ဆုံးပုံလေးတွေ အတိုင်း ကီးတွေကို ထည့်ပေးလိုက်ရင် ဒီကောင်လေးကို ဖူးသုံးလို့ ရသွားပါပြီ..
Windows 8 နဲ့ လုပ်ပြထားတာ ဖြစ်လို့ ကီးဘုတ်မှ Windows Logo ကီးကို တချက်ကလစ်ပြီး အောက်ကပုံလေးအတိုင်း Nero ControlCenter ကို ဖွင့်ပါ..။ Windows 7 မှာဆိုရင်တော့ Start >> All Programs >> Nero ဖိုဒါထဲမှာ သွားယူဖွင့်ပါ..
အပေါ်ပုံအတိုင်း ပိတ်ပစ်လိုက်ပြီး အောက်ကပုံလေးအတိုင်း Demo ကီးကို Right Click >> Remove နဲ့ ဖျက်ပစ်ပြီး မျှားအပြာပြထားတဲ့ Never ကီး တခုပဲ ထားပါတယ်..
ပြီးရင်တော့ ဘောက်စ်တွေ အားလုံးကို အပေါ်ပုံအတိုင်း အဆင့်ဆင့် ပိတ်ပစ်လိုက်ပါ..။ Desktop ပေါ်က Nero ပုံလေးကို ၂-ချက်တောက်ပြီး ဖွင့်လိုက်ရင်တော့ အောက်ကပုံအတိုင်း Update မလုပ်အောင် Ignore နဲ့ ကျော်သွားလိုက်ပါ..။ လုံးဝ Update မလုပ်ပါနဲ့..
0 comments:
Post a Comment