အပူပေးခံရတဲ့ ရွှေဟာ အလှဆင်ပစ္စည်း ဖြစ်လာတယ်။ နန်းကြိုးဆွဲခံရတဲ့ ကြေးဟာ ကြေးနီ ချောင်း ဖြစ်လာတယ်။ ထွင်းထုခံရတဲ့ ကျောက်တုံးဟာ ပန်းပုရုပ်ဖြစ်လာတယ်။ ဘ၀မှာ နာကျင်မှု များလေ တန်ဖိုးတက်လေပဲ။
0

Auto Run Virus ရှင်းနည်း

Wednesday, October 21, 2015
Share this Article on :
Auto Run virus ကာကွယ်နည်းကို ဖော်ပြပေးလိုက်ပါတယ်။ 1.Start >> Run ( Win Keys + R) >> gpedit.msc လို့ရိုက်ပြီ Enter ခေါက်လိုက်ပါ။ 2.Group Policy Box ကျလာပါမည်။ Computer Configuration ပေါ်မှာ Double click ပေးလိုက်ပါ။ ညာဘက်မှာကျလာတဲ့ Name တွေထဲက Administrative Templates ကို Double Click ပေးလိုက်ပါ။ ပြီရင် ကျလာတဲ့ Settingရဲ့ အောက်က System ကို Double Click ပေးလိုက်ပါ။ ပြီရင် Turn Off Autoplay ကိုရှာလိုက်ပါ။ ပြီရင် Double click ပေးလိုက်ပါ။ Turn off Autoplay Properties Box ကျလာပါမည်။ Setting နှင့် Explain ဆိုပြီ Tab နှစ်ခုရှိပါတယ်။ Setting အောက်မှာ တွေ့ရတဲ့ Not Configured ,Enabled,Disabled ဆိုတာရှိပါတယ်။ ပုံမှန်အတိုင်းဆို Not Configured ကို ရွေးချယ်ထားတာ တွေ့ရမှာပါ။ ဒါကြောင့် Enabled ကို အမှန်ခြစ်ပေးလိုက်ပါ။ ပြီရင် Turn off Autoplay on: အကွက်မှာ All Drivers နှင့် CD_ROM Drivers ဆိုတာရှိပါတယ်။ All Drivers ကို ရွေးချယ်လိုက်ပါ။ ပြီရင်တော့ Apply ကိုနိုပ်ပြီ Ok ကို click လိုက်ပါ။ စိုင်းလေး


Artikel Terkait:

0 comments:

Post a Comment