အလုပ်အကိုင်ရွေးချယ်ကြတဲ့အခါ မှာတချို့တွေအတွက် ဝါသနာပါရာအ လုပ်ကိုရွေးချယ်နိုင်ခွင့်ရှိပေမဲ့ တချို့တွေ အတွက်တော့ အကြောင်းအမျိုးမျိုး ကြောင့်ဝါသနာပါရာအလုပ်အစား တခြား အလုပ်အကိုင်ကိုသာမဖြစ်မနေရွေးကြရပါ တယ်။ အဲဒီအကြောင်းအချက်တွေထဲက အဓိကအကြောင်းအချက်ကတော့ ငွေ ကြေးကြောင့်ပဲဖြစ်ပါတယ်။ ငွေကြေးအ တွက် ဝါသနာပါရာအလုပ်ကိုစွန့်ခွာကြရ ပါတယ်။
လက်ရှိအလုပ်ကနေစွန့်ခွာပြီး နောက် ထပ်အလုပ်သစ်တစ်ခုကိုပြောင်းရွေ့ဖို့အ တွက်အကြောင်းအချက်တွေများစွာရှိပါတယ်။
ငွေကြေးသို့မဟုတ် ပျော်ရွှင်မှု
ကိုယ့်ရဲ့ဝါသနာနဲ့လုပ်ကိုင်ရမယ့်အ လုပ်ကကိုယ့်ရဲ့အသက်မွေးမှုအတွက်အာ မခံချက်မပေးနိုင်တဲ့အခါမျိုးမှာ ဝါသနာကို စွန့်လွတှ်ပြီး ငွေကြေးနောက်ကိုလိုက်ကြရ ပါတယ်။ အဲ ဒီလိုငွေကြေးနောက်ကိုလိုက် ကြရတဲ့အခါမှာ အလုပ်ခွင်အတွင်းမှာမ ပျော်ရွငှ်မှုတွေ၊ စိတ်ဖိစီးမှုတွေနဲ့အတူအ မှားအယွင်းတွေဖြစ်ပေါ်လာတတ်ပါတယ်။
တချို့တွေလည်း ဝါသနာပါရာကိုစွန့် လွတှ်ပြီး ငွေကြေးနောက်လိုက်ရင်းကမှ အဲဒီအလုပ်ခွင်မှာ စိတfaysာ်ရွငှ်သွားကြ တာတွေလည်းရှိပါတယ်။ ဒါကြောင့် ကိုယ် ရွေးချယ်လိုက်တဲ့အလုပ်ကို ချစ်အောင် ကြိုးစားဖို့လိုပါတယ်။ အလုပ်ကိုလည်းမ ချစ်နိုင်ဘူး၊ အလုပ်ခွင်မှာလည်း raysာ်ပိုက် တော့ဘူးဆိုရင်တော့ အဲဒီအလုပ်ကိုအဆုံး သတ်သင့်ပါတယ်။ ငွေကြေးက အစစ အရာရာမဖန်တီးပေးနိုင်ပါဘူး။ အထူးသ ဖြင့faysာ်ရွငှ်မှုကို ငွေကြေးနဲ့ဝယ်ယူလို့မရ နိုင်ပါဘူး။ ကိုယ့်ရဲ့ဝါသနာကို ငွေကြေးနဲ့ ဝယ်ယူလို့မရနိုင်ပါဘူး။
ကမ္ဘာ့အတွေးအခေါ်ပညာရှင်ကြီး ကွန်ဖြူးရှပ်ကအလုပ်နဲ့ပတ်သက်ပြီးအောက် ပါအတိုင်းပြောခဲ့ပါတယ်။
‘‘အလုပ်ရှာတဲ့အခါမှာ ကိုယ်ချစ်တဲ့ အလုပ်ကိုရှာပါ။ အဲဒါဆိုရင် ကိုယ့်ဘဝ မှာ အလုပ်လုပ်ရတဲ့နေ့ရက်ဆိုတာမရှိ တော့ဘူး’’
ကိုယ်ပျော်ရွှင်ရတဲ့အလုပ်၊ ကိုယ်နှစ် သက်တဲ့အလုပ်ကိုလုပ်ရတဲ့အခါ အလုပ် လုပ်ရတယ်လို့မထင်တော့ဘဲ အဲဒီအလုပ် မှာပျော်ရွငှ်နေရတာကိုပြောထားတဲ့စကား လေးဖြစ်ပါတယ်။
လက်ရှိအလုပ်မှာ ငွေကြေးလည်း ထင်သလောက်မရဘူး၊ ပျော်ရွငှ်မှုလည်း မရှိဘူး၊ အခွင့်အလမ်းကလည်း မသေချာ ဘူးဆိုရင်တော့ လက်ရှိအလုပ်ကထွက်ဖို့ သံသယဖြစ်စရာမရှိတော့ပါဘူး။
လစာနည်းပေမဲ့ ရေရှည်မှာ အောင်မြင်မှု ရနိုင်တဲ့အလုပ်
ဝါသနာပါတဲ့အလုပ်က လက်ရှိမှာ လစာအနေနဲ့ဖြစ်ဖြစ်၊ လုပ်ပိုင်ခွင့်အနေနဲ့ ဖြစ်ဖြစ်၊ အခွင့်အလမ်းအနေနဲ့ဖြစ်ဖြစ် ရပိုင်ခွင့်နည်းပါးပေမဲ့ ရေရှည်မှာကိုယ့်အ တွက်အောင်မြင်မှုရှိမယ်ဆိုရင်လည်း ကိုယ် ဝါသနာပါတဲ့အလုပ်ကို ငွေကြေးအတွက် ကြောင့်မစွန့်လွတှ်သင့်ပါဘူး။ လက်ရှိမှာ လစာကလည်းနည်းတယ်။ နောင်အနာ ဂတ်မှာ ကိုယ့်အတွက်အခွင့်အလမ်းက လည်းမရေမရာ မသေမချာဆိုရင်တော့ အဲ ဒီအလုပ်ကို သံသယမဖြစ်ဘဲစွန့်လွတှ်သင့် ပါတယ်။
ကိုယ့်ရဲ့အခြေအနေက မိသားစုတစ် ခုလုံးအတွက် အထောက်အပံ့ဖြစ်နေလို့ ဝါသနာကိုစွန့်လွတှ်ပြီး ငွေကြေးနောက်ကို လိုက်မယ်ဆိုရင်လည်း ကိုယ့်မှာသတ်မှတ် ထားတဲ့အချိန်အကန့်အသက်တစ်ခုရှိရပါ မယ်။ တစ်ချိန်လုံးချည်းငွေကြေးနောက်ကို ပဲတကောက်ကောက်လိုက်နေပြီး လက်ရှိ အလုပ်က ကိုယ့်ကိုငွေကြေးတစ်ခုသာပေး နိုင်ပြီး ပျော်ရွငှ်မှုလည်း မပေးနိုင်၊ ယုံကြည် မှုလည်းမပေးနိုင်၊ အောင်မြင်မှုလည်း မပေး နိုင်ဆိုရင်တော့ ကိုယ်ကဘဝမှာငွေကြေး တစ်ခုထဲအတွက် ရှင်သန်နေရသလိုဖြစ် နေပါပြီ။ ငွေကြေးတစ်ခုထဲနဲ့ရှင်သန်ဖို့ အတွက် ဘဝဆိုတာတိုတောင်းလွန်းပါ တယ်။
ပိုကောင်းတဲ့အခွင့်အလမ်းတွေရှိတာ
လက်ရှိအလုပ်ထက် ပိုကောင်းတဲ့ အခွင့်အလမ်းတွေကြောင့် အလုပ်သစ်ကို စွန့်ခွာတတ်ပါတယ်။ အလုပ်ခွင်မှာဝန်ထမ်း တွေအတွက် အခွင့်အလမ်းတွေဖန်တီးမ ပေးနိုင်တာကလည်း အလုပ်ထွက်ဖို့တွန်း အားတစ်ရပ်ဖြစ်စေပါတယ်။ လက်ရှိ အလုပ်က တက်လမ်းမရှိဘူးလို့မြင်လာတဲ့ အခါဒါမှမဟုတ် နည်းလမ်းဟောင်းကြီး အတိုင်းပဲသမားရိုးကျသွားနေတာကြောင့် ငြီးငွေ့လာတဲ့အခါမှာ အလုပ်သစ်ရှာဖို့ စဉ်းစားလာကြပါတယ်။
‘‘ပြောင်းလဲမှုက အခွင့်အလမ်းကိုယူ ဆောင်လာတယ်’’
အဲဒီလိုပြောသူကတော့ စီးပွားရေး လုပ်ငန်းရှင်တစ်ဦးဖြစ်သူ အမေရိကန် နိုင်ငံသား ငြိသျှကဘနငညဖြစ်ပါတယ်။
တချို့တွေအတွက် အခွင့်အလမ်းဆို တာလွယ်လွယ်ကူကူရနိုင်ပေမဲ့ အများစု အတွက်တော့ အခွင့်အလမ်းဆိုတာကို ကိုယ်တိုင်ပဲရှာဖွေရပါတယ်။ ကိုယ်တိုင်ပဲ ပြောင်းလဲမှုတွေလုပ်ပြီး အခွင့်အလမ်းကို ယူဆောင်ရပါတယ်။
ဝါသနာကိုထားခဲ့ပြီး ငွေကြေးနောက် လိုက်မလား
ခုနောက်ပိုင်းလူငယ်တော်တော်များ များကို မေးကြည့်လိုက်ရင် လက်ရှိအလုပ် ကိုဝါသနာပါလို့လုပ်နေကြသူကအနည်းငယ် ပဲရှိပြီး ငွေကြေးကြောင့် ဝါသနာမပါဘဲ လုပ်နေရသူက အများစုဖြစ်နေပါတယ်။ တချို့လည်းဝါသနာပါရာပန်းတိုင်ကို တစ် နေ့နေ့အရောက်သွားဖို့ဆုံးဖြတ်ထားသူရှိ သလို၊ တချို့လည်း ကျရာနေရာမှာအဆင် ပြေသလိုနေလိုက်ဖို့ပဲစဉ်းစားကြသူတွေရှိပါ တယ်။
ဖြစ်ချင်တာကတစ်ခု၊ ဖြစ်နေရတာက တစ်ခုဖြစ်နေတဲ့ လူငယ်တွေဘယ်လောက် များများရှိနေပြီလဲ။ အနှစ်သက်ဆုံးဝါသနာ ကိုဘေးချပြီး အကြောင်းအမျိုးမျိုးကြောင့် ငွေကြေးနောက်ကိုလိုက်လာကြတဲ့ဝန်ထမ်း တွေ သူတို့ရဲ့လက်ရှိဘဝကိုကျေနပ်ကြရဲ့ လား။ ဒီမေးခွန်းရဲ့ အဖြေကတော့ အားလုံး မတူညီနိုင်ပါဘူး။ ကျရာနေရာမှာ ပျော် အောင်ကြိုးစားပြီးနေကြတဲ့သူတွေရှိသလို၊ ကိုယ်ရူးသွပ်ရာ၊ ကိုယ်ဝါသနာပါရာ၊ ကိုယ် စိတ်အားထက်သန်တဲ့အလုပ်ကို လုံးလုံး လျားလျားစွန့်ပစ်ဖို့ စိတ်ကူးမရှိသူတွေ လည်းရှိမှာပါ။ ဘယ်လိုအတွက်ကြောင့်ပဲ ဖြစ်စေ ကိုယ်ဝါသနာပါရာကိုစွန့်လွတှ်ပြီး ငွေကြေးတစ်ခုထဲနောက်ကိုလိုက်ဖို့အတွက် ဘဝဆိုတာ တိုတောင်းလွန်းပါတယ်။
HR Journal
0 comments:
Post a Comment