QR Code ဆိုတာ
QR ဟာ Quick Response ရဲ့ အတိုကောက်ဖြစ်ပါတယ်။ သူဟာ Barcode ရဲ့ စမတ်ကျတဲ့ ဗားရှင်းဖြစ်ပြီး မော်တော်ကားနယ်ပယ်အတွက် ဂျပန်မှာ စတင် တီထွင်ခဲ့ကြတာပါ။ Machines များက Barcodes များထက် QR Codes များကို ပိုမိုလျှင်မြန်စွာ ဖတ်ရှုနိုင်ပြီး QR Codes များက နေရာနည်းနည်းနဲ့ ဒေတာများများကို သိမ်းဆည်းနိုင်ပါတယ်။
Android Phone ဖြင့် QR Codes များကို Scan ပြုလုပ်နည်း
QR Codes များကို QR Code Scanner/Reader Apps များဖြင့် ဖတ်ရှုနိုင်ပါတယ်။ အဲဒီလို Apps များစွာထဲမှ QR Code Reader ဟာ အကောင်းဆုံးထဲက တစ်ခုဖြစ်ပြီး အခမဲ့ အသုံးပြုနိုင်ပါတယ်။ အသုံးပြုရတလည်း လွယ်ကူပါတယ်။ ဒါ့အပြင် App မှာ ကြော်ညာများလည်း ထည့်သွင်းထားခြင်းမရှိပါဘူး။
သူဟာ Android Devices, Android Versions များစွာနဲ့လည်း အဆင်ပြေပါတယ်။ Android 2.3.3 နဲ့ သူ့အထက် ဖုန်းများမှာ အသုံးပြုနိုင်ပါတယ်။ သင့်ရဲ့ ဖုန်းမှာ ကင်မရာပါဖို့ လိုအပ်ပါတယ်။ သင် Scan ပြုလုပ်လိုက်တဲ့ ကုဒ်ဟာ ၀က်ဆိုက်တစ်ခုကိုဖွင့်ဖို့ဆိုရင် မိုဘိုင်းဒေတာ ဆက်သွယ်မှု သို့မဟုR Code Reader ကိုအောက်ပါလင့်မှာ ရယူနိုင်ပါတယ်။
playstore->>https://goo.gl/TG5S7p
Playstoreက အဆင်မပြေသူများအတွက်အောက်မှာPcloudLinkကနေထက်ပြီးတင်ပေးလိုက်ပါတယ်
DownLoadHere
ကိုယ်ပိုင် QR Codes များပြုလုပ်နည်း
သင့်ရဲ့ ကုန်ပစ္စည်း၊ ၀န်ဆောင်မှုနဲ့ အခြားအရာများအတွက် QR Codes များ ဖန်တီးနိုင်ပါတယ်။ သင့်ရဲ့ Facebook Account လိပ်စာထံ တိုက်ရိုက်ရောက်ရှိစေမယ့် QR Code များကိုလည်း ဖန်တီးနိုင်တဲ့အတွက် လိပ်စာအရှည်ကြီးကို မှတ်သားထားစရာမလိုတော့ပါဘူး။ သင့်ရဲ့ နေအိမ်မှ WiFi Password အတွက်လည်း ဖန်တီးနိုင်ပါတယ်။ ဒီလိုလုပ်ဖို့အတွက် Scan Developer Website ကိုအောက်ပါ လိပ်စာမှသွားပါ။
https://goo.gl/zmSDJw
အခြားလူများနဲ့ မျှဝေနိုင်ပါတယ်။
Credit to myanmar digital life journal.
0 comments:
Post a Comment