အပူပေးခံရတဲ့ ရွှေဟာ အလှဆင်ပစ္စည်း ဖြစ်လာတယ်။ နန်းကြိုးဆွဲခံရတဲ့ ကြေးဟာ ကြေးနီ ချောင်း ဖြစ်လာတယ်။ ထွင်းထုခံရတဲ့ ကျောက်တုံးဟာ ပန်းပုရုပ်ဖြစ်လာတယ်။ ဘ၀မှာ နာကျင်မှု များလေ တန်ဖိုးတက်လေပဲ။
0

ဖုန်းမှာ ဗီဒီယို နှင့် Movie တွေကို Effects များစွာကို အစားထိုးပြီး ပြုလုပ်နိုင်မယ့် Movie Effects Maker Pro v1 Apk

Thursday, March 31, 2016



Android OS နှင့် Tablet  ချစ်သူများအတွက်   ဖုန်းမှာ ဗီဒီယို နှင့် Movie တွေကို Effects  များစွာကို အစားထိုးပြီး ပြုလုပ်နိုင်မယ့်  Movie Effects Maker Pro v1 Apk လေးကို တင်ပေးလိုက်ပါတယ်ဗျာ။ ဒီ Application  လေးက  Movie တွေကြားမှာ သီးသန့် Effects  ဒီဇိုင်း တွေကို အလွယ်ဆုံး ထည့်သွင်းနိုင်ပြီး အကောင်းဆုံးသော  Editor တစ်ခုပါဗျာ။
စမ်းသပ်အသုံးပြုချင်တယ်ဆိုရင်တော့ နမူနာအနေနဲ့အောက်မှာ Screen Shoot တွေရိုက်ပြထားပါတယ် ။
Android OS Version 2.3 နှင့်အထက်ရှိထားတဲ့ဖုန်းတွေပေါ်မှာ Installလုပ်၍အသုံးပြုနိုင်မှာဖြစ်ပါတယ်။

Screen Shoot






Download From Here 


Download From Here 


0

ဖုန်းထဲ့မှာ ဓာတ်ပုံတစ်ပုံတည်းနဲ့ နှစ်သက်ရာသီချင်းကို ထည့်သွင်းပြီ Video ပြုလုပ်နိုင်မယ့် 1 Photo Video v1.0 Apk




Android OS နှင့် Tablet ကိုင်ဆောင်ထားသော  သူငယ်ချင်းတွေအတွက် မိမိဖုန်းထဲ့မှာ ဓာတ်ပုံတစ်ပုံတည်းနဲ့ နှစ်သက်ရာသီချင်းကို ထည့်သွင်းပြီ  Video ပြုလုပ်နိုင်မယ့် 1 Photo Video v1.0 Apk လေးပါ။ သင့်ချစ်သူရဲ့ ဓာတ်ပုံတစ်ပုံထဲကို Mp3 သီချင်းနဲ့ ရောစပ်ပြီး အလွယ်တကူ ဗီဒီယို ပြုလုပ်နိုင်မှာပါ။ နောက်ပြီး သီချင်း Album ရဲ့ Cover ပုံကိုသုံးပြီး အဲ့ဒီ  Album ထဲက ကိုယ်ကြိုက်တဲ့ သီချင်းနဲ့ Video လေးလုပ်လို့ ရတာပေါ့။စမ်းသပ်အသုံးပြုချင်တယ်ဆိုရင်တော့ နမူနာအနေနဲ့အောက်မှာ Screen Shoot တွေရိုက်ပြထားပါတယ် ။Android OS Version 2.3 နှင့်အထက်ရှိထားတဲ့ဖုန်းတွေပေါ်မှာ Installလုပ်၍အသုံးပြုနိုင်မှာဖြစ်ပါတယ်။

Screen Shoot





Download From Here 


Download From Here 


0

ပုံတွေပေါ်မှာ မီးတောက်ပုံစံ အမျိုးမျိုးနဲ့ နှင့်စက်ရုပ်တွေ အဖြစ် ဓာတ်ပုံတွေကို ဖန်တီးနိုင်မယ့် Effect Creator Pro v1.0 Apk




Android OS နှင့် Tablet  ချစ်သူများအတွက် မိမိဓာတ်ပုံတွေပေါ်မှာ မီးတောက်ပုံစံ အမျိုးမျိုးနဲ့  နှင့် စက်ရုပ်တွေ အဖြစ်ဓာတ်ပုံတွေကို ဖန်တီးနိုင်မယ့် Effect Creator Pro v1.0 Apk လေးကို တင်ပေးလိုက်ပါတယ်ဗျာ။  ဒီကောင်လေးက အရမ်းမိုက်တယ်ဗျာ။ ရိုက်ပီးသာ ပုံတွေကိုလည်း ပြုလုပ်ရတာ လွယ်သလို့ တစ်ခါတည်း ရိုက်ပီး Camera ပေါ်မှာလည်း  လိုချင်တဲ့  မီးတောက်ပုံစံ အမျိုးမျိုးနဲ့  နှင့် စက်ရုပ်တွေ အဖြစ်ဓာတ်ပုံတွေကို အလွယ်ဆုံး ပြုလုပ်နိုင်တဲ့ Application  ကောင်းလေး တစ်ခုပါဗျာ။
စမ်းသပ်အသုံးပြုချင်တယ်ဆိုရင်တော့ နမူနာအနေနဲ့အောက်မှာ Screen Shoot တွေရိုက်ပြထားပါတယ် ။
Android OS Version 2.3 နှင့်အထက်ရှိထားတဲ့ဖုန်းတွေပေါ်မှာ Installလုပ်၍အသုံးပြုနိုင်မှာဖြစ်ပါတယ်။

Screen Shoot

  





Download From Here 


Download From Here 


0

မိမိ ဓာတ်ပုံနှင့် Mp3 သီချင်း ထည့်ပြီး ဗီဒီယို Show တွေကို အကောင်းဆုံး ပြုလုပ်နိုင်မယ့် Photo Video Maker with Music Apk





Android OS နှင့် Tablet  ချစ်သူများအတွက်  ဖုန်းထဲ့က မိမိ ဓာတ်ပုံနှင့်  Mp3  သီချင်း ထည့်ပြီး ဗီဒီယို  Show တွေကို အကောင်းဆုံး ပြုလုပ်နိုင်မယ့် Photo Video Maker with Music Apk လေးကို တင်ပေးလိုက်ပါတယ်ဗျာ။ ဒီကောင်လေးက Video Editor, Photo Slide Show Maker
Photo to Video Converter,  Projector Slide Show, Slide Show Maker
 Movie Maker, Video Maker အားလုံးကို အလွယ်ဆုံး ပြုလုပ်နိုင်ပြီး။ ဖုန်းနှင့် Video Editor တည်းဖြတ် ဝါသနာ သူငယ်ချင်တွေအတွက် အကောင်းဆုံးသော Application  လေး တစ်ခုပါဗျာ။
စမ်းသပ်အသုံးပြုချင်တယ်ဆိုရင်တော့ နမူနာအနေနဲ့အောက်မှာ Screen Shoot တွေရိုက်ပြထားပါတယ် ။
Android OS Version 2.3 နှင့်အထက်ရှိထားတဲ့ဖုန်းတွေပေါ်မှာ Installလုပ်၍အသုံးပြုနိုင်မှာဖြစ်ပါတယ်။

Screen Shoot





Download From Here 


Download From Here 


0

ဘောလုံးဂိမ်း ချစ်သူများအတွက် PES 2016 Pro Apk +Data (Andriod Game)




ဘောလုံးဂိမ်း  ချစ်သူများအတွက် PES 2016  အရည်အရည် ကောင်းလွန်တဲ့ HD ဂိမ်း လူကြိုက်များတဲ့ 
PES 2016  ဂိမ်းလေးကိုတင်ပေးလိုက်ပါတယ်။ PES Football
ဂိမ်းတွေကတော့ ကစားရတဲ့အပိုင်းမှာ ပြောစရာမလိုအောင် ကောင်းမွန်
တာတွေ့ရပါတယ်။ ဆော့ကစားသူတွေလည်း ကြိုက်နှစ်သက်ပြီးသား PES 2016 Game
လေးတစ်ခုပါ။ ကဲ  ဆော့ကစားလိုသူတွေ   ဒေါင်းယူပြီး အမုန်းဆော့ ကစားနိုင်ပါပြီဗျာ။

Android HD  Games Install  ပြုလုပ်နည်း
APK ကိုအရင် Install လုပ်ပေးပါ။
ပြီးပါကဒေါင်းလို့  ရလာတဲ Obb RAR ကိုအရင်ဖြည်ပါ ။ ဖိုင်းအဖြစ်ကူးပြောင်းသွားပါက Obb ဖိုင်ကို ကူပြီး၊
ဖုန်းရဲ့ SD card >>Android>> ဖိုင်းကိုရှာပြီးဝင်လိုက်ပါ။
Data ဖိုင်ရဲ့ အောက်မှာ Obb ဖိုင်ထဲကို့ မိမိတို့ ရရှိလာတဲ obb ကိုထည့်ပေးလိုက်ပါ /
ပြီးရင်တော့ ဆော့ကစားနိုင်ပါပြီ။
အဆင်ပြေပါစေ၊၊

Screen Shoot






Download From  Here  Apk


Download Apk+( Data ) 194.11 MB


0

One Click Root AllDevices များစွာအတွက် ကလစ်တစ်ချက်နဲ့အမှန်အကန် ပြုလုပ်ပေးမယ့် Root ဘုရင်ကြီး အသစ်ထွက်လာပါပြီ KingRoot 4.8.5 Apk





KingRoot  4.8.5 Apk အသစ်ကို KingRoot မှအသစ်ဖြန့်ချီလိုက်ပါပြီ ခင်ဗျာ .. Android Model All Devices အမြင့် ဖုန်းတွေကို ဖုန်းထဲကနေ အလွယ်ဆုံး  One Click နဲ့ Root နိုင်ပြီဖြစ်ပြီး Android Device အစုံကိုလည်း Root ဖောက်နိုင်ပြီဟု ကြွေးကျော်နေတဲ့ Root ဘုရင်ကြီးကို တစ်ကယ့်လည်း လေးစားပါတယ်ဗျာ။အခုလည်း Android Device အားလုံးနီးပါးကို
ယခု ယနေ့ ထွက်ရှိလာတဲ့ ဗားရှင်းအသစ်တွင် Root လုပ်နိုင်ပြီဖြစ်ကြောင်း KingRoot ၏ ၀က်ဆိုဒ်တွင်လုံးဝ အာမခံတာကို ဖော်ပြထားပါပြီ။ ယနေ့ အသစ်ထွက်ရှိလာတဲ့ဗားရှင်းတွင်လည်း လုံးဝ Error ကင်းကင်းနဲ Root လုပ်လာတာတွေ တွေ့ ရမှာဖြစ်ပြီး Android မိုဘိုင်းဖုန်းတွေကို Root လုပ်ချင်တဲ့ အခါကျရင် KingRoot နဲအရင်စမ်းပြီးမှ မအောင်မြင်မှသာ အခြားသော Root Application တွေနဲ စမ်းသမ်စေချင်ပါတယ်။

KingRoot  4.8.5 Update Version အားအောက်မှာ ဒေါင်းယူရန်။



Download From Here 


Download From Here 


0

21ရာစု၏ Cyberခြိမ်းခြောက်မှုအများစုကိုချုပ်ကိုင်ထားသော Online Blue Army

Wednesday, March 30, 2016

နိုင်ငံတစ်နိုင်ငံအနေဖြင့် အခြားသော နိုင်ငံတစ်နိုင်ငံသို့ ကျူးကျော်ဝင်ရောက် တိုက်ခိုက်နိုင်ရန်အတွက် အချိန်၊ ငွေကြေး၊ရင်းနှီးမြုပ်နှံ့မှုများစွာ မလိုအပ်တော့ဘဲ ခလုတ်တစ်ချက်နှိပ်နိုင်ရုံဖြင့် အဆိုပါနိုင်ငံ၏ စစ်ရေး၊စီးပွားရေး ၊လူမှုရေးဆိုင်ရာ ကဏ္ဍများစွာကို တိုက်ခိုက်နိုင်ခြင်းသည် ယနေ့အချိန်အခါ တွင် ခေတ်စားနေသော ဆိုက်ဘာ တိုက်ခိုက်မှု ပင် ဖြစ်ပါသည်။ ထို့ကြောင့်လည်း ၂၁ ရာစု၏ စစ်မြေပြင် များသည် သမားရိုးကျမြေပြင်တိုက်ပွဲများခေတ်မှ ဒစ်ဂျစ်တယ် စစ်မြေပြင်ခေတ် သို့ ရောက်ရှိနေ ခဲ့ပြီဖြစ်သည်ဟု ပြောဆိုရတော့မည်ဖြစ်သည်။ အင်တာနက်စစ်ပွဲတွင် တိုက်ခိုက်ခြင်းနှင့် ကာကွယ်ခြင်းကို ခွဲခြားရန်ခက်ခဲပါသည်။ သမားရိုးကျ စစ်တွင် တိုက်စစ်နှင့်ခံစစ်အကြား သီးခြားစီရှိသော်လည်း အင်တာနက်စစ်ပွဲတွင်မူ ရောထွေးမှုများရှိနေပြီဖြစ်သည်။ ဥပမာ သင့်အနေဖြင့် ဆိုက်ဘာနှောင့်ယှက်သူများကို တိုက်ခိုက်သည်ဟုဆိုသော်လည်း ၄င်းအရာသည် မိမိကိုယ်ကို ကာကွယ်နေခြင်းလည်းဖြစ်သည်ဟု တရုတ်နိုင်ငံကာကွယ်ရေးနည်းဗျူဟာဌာနမှ ပါမောက္ခ Meng ကဆိုပါသည်။

အဘယ်ကြောင့်ဆိုသော် ယနေ့ခေတ်နည်းပညာ၏ အကျိုးကျေးဇူးများကြောင့် အင်တာနက်မှတစ်ဆင့် သတင်းအချက်အလက်နည်းပညာ (Information Technology) များ သယ်ဆောင်အသုံးပြုနိုင်ခြင်းဖြင့် တစ်စုံတစ်ရာ၊ တပ်ဖွဲ့တစ်ဖွဲ့ကို တိုက်ခိုက်ရာတွင် လူသားများအနေဖြင့် တံခါးအပြင်သို့ခြေလှမ်းလှမ်းရန် မလိုတော့ပေ။ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်နေသော သတင်းကွန်ရက်စနစ်ကြောင့် အလိုအလျောက်စနစ်များကို အသုံးပြုကာ ကျူးကျော်တိုက်ခိုက်မှု များကို ပြုလုပ်နိုင်မည်ဖြစ်သည်။ ထို့အတူ သတင်းအချက်အလက်နည်းပညာ (Information Technology) သည် ပြည်သူများအကြားတွင် တိုးတက်လာသောကြောင့် ကွန်ရက်ကို တိုက်ခိုက်နိုင်ရန်အတွက် လက်နက်အပြည့်အစုံ တပ်ဆင် ထားသော စစ်သည်များမလိုအပ်ပဲ ကွန်ပျူတာစနစ်ကို နားလည်ရုံဖြင့် ကွန်ရက်ပေါ်တွင် တိုက်ခိုက်ရေးသမား တစ်ယောက် ဖြစ်လာမည်ဖြစ်သည်။

ထို့အပြင် ကွန်ရက်စနစ်ချိတ်ဆက်မှု လုပ်ဆောင်ထားသော စစ်ဘက်ဆိုင်ရာကဏ္ဍ သုံးစွဲမှုများကို ကြည့်လျင်ပင် မောင်းသူမဲ့ယာဉ်များ၊ မောင်းသူမဲ့လေယာဉ်များ၊ မောင်းသူမဲ့ရေယာဉ်များ၊ ဂြိုဟ်တုဆက်သွယ်မှု စနစ်များ၊ ဒုံးပျံလမ်းညွှန် စနစ်များ၊ တည်နေရာပြစနစ်များ၊ တပ်ဖွဲ့ဝင် အချင်းအချင်း ဆက်သွယ်မှုစနစ်များ အစရှိသည်ဖြင့် အများအပြား ပါဝင်မှုရှိနေပေသည်။ ထို့ကြောင့် တရုတ်ပြည်သူ့တပ်မတော် (PLA) အနေဖြင့် စစ်ရေး၊စီးပွားရေး၊လူမှုရေး ကဏ္ဍများ၌ ကမ္ဘာအနှံ့တွင် ထိန်းချုပ်ကစားနိုင်ရန် ဆိုက်ဘာတပ်မတော်ဟု အမည်ပေးထားသော Online Blue Army ကို ၂၀၁၁ ခုနှစ်၊ မေလတွင် လျှို့ဝှက် ဖွဲ့စည်းထားရှိခဲ့ပါသည်။ Blue Army ၏ ဆိုက်ဘာနှောင့်ယှက်မှု ရည်မှန်းချက်မှာ သတင်းအချက်အလက်ဆိုင်ရာ စစ်ဆင်ရေးဆောင်ရွက် နေချိန်တွင် တစ်ဖက်ရန်သူ၏ သတင်းအချက်အလက် ကွန်ရက်ရရှိနိုင်မှုများအား နှောင့်ယှက် ဖျက်ဆီးခြင်း၊ ရန်သူ့ပစ်မှတ်သတင်း အချက်အလက်ကွန်ရက်များရှိ သတင်းလုံခြုံမှုနှင့်သတင်းယုံကြည်မှုတို့ အား ဖျက်ဆီးခြင်းနှင့် အသုံးချခြင်းတို့အား ဆောင်ရွက်ရန်ဖြစ်ပါသည်။

ယနေ့အချိန်တွင် ဖြစ်ပေါ်နေသည့် ကြိမ်ဖန်များစွာသော ဆိုက်ဘာတိုက်ခိုက်မှုများနှင့် အဆင့်မြင့်သော ဆိုက်ဘာ တိုက်ခိုက်မှုများသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ Blue Army မှလုပ်ဆောင်နေခြင်းကိုငြင်းဆန်၍မရပေ။ တရုတ်နိုင်ငံ၏ ပြိုင်ဘက်ဖြစ်သော အမေရိကန် ကာကွယ်ရေးဌာနအနေဖြင့် တရုတ်အခြေစိုက် ဆိုက်ဘာတိုက်ခိုက်သူများ ၏ အကြိမ်ပေါင်းများစွာ ဆိုက်ဘာတိုက်ခိုက် ခြင်းများ၊ အချက်အလက်စစ်ထုတ် ခံရခြင်းတို့ကိုကြုံတွေ့ခဲ့ရပါသည်။ အမေရိကန်နိုင်ငံ၊ တန်ပြန်ထောက်လှမ်းရေး စီမံခန့်ခွဲမှုရုံးအနေဖြင့် ''ဆိုက်ဘာနယ်ပယ်အတွင်း အမေရိကန် နိုင်ငံ၏စီးပွားရေးဆိုင်ရာ လျို့ဝှက်ချက်များအား ပြည်ပသူလျိုများမှခိုးယူခြင်း'' ဟူသည့် အစီရင်ခံစာတစ်ခုကို ၂၀၁၁ခုနှစ်၊ အောက်တိုဘာလအတွင်းက ထုတ်ပြန်ခဲ့ပါသည်။ ယင်းအစီရင်ခံစာတွင် တရုတ်နိုင်ငံနှင့် ရုရှား ကဲ့သို့သောနိုင်ငံများကြောင့် ဖြစ်ပေါ်လာသည့် စီးပွားရေးဆုံးရှုံးမှု ပမာဏများကိုလည်း မှတ်တမ်းတင်ထားပါသည်။ အမေရိကန်နိုင်ငံ၊ တန်ပြန်ထောက်လှမ်းရေး စီမံခန့်ခွဲမှုရုံး၏ ယင်းအစီအရင်ခံစာတွင် တရုတ်နိုင်ငံမှဆိုက်ဘာ ကျူးကျော်သူများ၏ ဆိုက်ဘာသူလျိုလုပ်ဆောင်ခြင်း၊ အချက်အလက်စစ်ထုတ် ရယူခြင်းစသည်တို့ကြောင့် အမေရိကန်နိုင်ငံ၏ဉာဏပိုင်းဆိုင်ရာ တီထွင်ဖန်တီးထားမှုများ မှရရှိသော ဒေါ်လာသန်းပေါင်းများစွာနှင့် သတင်း အချက်အလက်များသည်နှစ်စဉ် ပျောက်ဆုံးနေကြောင်း အသေးစိတ် ဖော်ပြထားပေသည်။

 ပြည်ပစီးပွားရေးဆိုင်ရာ စုဆောင်းမှုနှင့် သူလျိုလုပ်ငန်းများသည် အမေရိကန်ပြည်ထောင်စု၏ ကြွယ်ဝချမ်းသာမှုနှင့်လုံခြုံရေးတို့ကို တိုက်ခိုက်နေကြောင်း အမေရိကန်နိုင်ငံ၊ တန်ပြန်ထောက်လှမ်းရေးစီမံခန့်ခွဲမှုရုံးက ထုတ်ပြန်ထားပါသည်။
၂၀၀၉ခုနှစ်၊ ဧပြီလအတွင်းက Wall Street ဂျာနယ်၏ အစီရင်ခံချက်တွင် Lockheed Martin အဖွဲ့အစည်း ၏ F-35 စီမံကိန်းကိုလည်း တရုတ်နိုင်ငံ၏ Blue Army မှ ဟက်ကာများက ခိုးယူခဲ့ကြလေသည်။ စစ်ဘက်ဆိုင်ရာ F-35 စီမံကိန်းနှင့် ဆက်နွှယ်နေသည့် အရေးကြီး သောအချက်အလက်များသည် ရှာဖွေတွေ့ရှိမှုမတိုင်ခင်ကာလ အထိ အချိန်ကာလတော်တော်ကြာအောင် အခိုးယူခံရခြင်းများဖြစ်ပေါ်ခဲ့ဖူးလေသည်။ သို့သော်လည်း တရုတ်ပြည်သူ့သမ္မတ နိုင်ငံအနေဖြင့် မည်သည့်ဆိုက်ဘာတိုက်ခိုက်မှုမျိုးကိုမှ ကျူးလွန်ခဲ့ခြင်းမရှိ ကြောင်း ငြင်းဆိုခဲ့ပါသည်။

၂၀၁၁ခုနှစ်၊ ဇွန်လအတွင်းကျင်းပခဲ့သော နိုင်ငံတကာလုံခြုံရေးဆိုင်ရာဆွေးနွေးပွဲတွင် တရုတ် ကာကွယ်ရေး ၀န်ကြီး Liang Guanglie က တရုတ်နိုင်ငံအနေဖြင့် မည်သည့် ဆိုက်ဘာတိုက်ခိုက်မှုမျိုးတွင်မှ ပါဝင်ပတ်သက်မှု မရှိကြောင်း၊ တရုတ်အစိုးရအနေဖြင့် မည်သည့်ဆိုက်ဘာရာဇ၀တ်မှုလုပ်ရပ်တိုင်းကိုမဆို ဆန့်ကျင် ကြောင်း ဆွေးနွေးပွဲတက်ရောက်လာသည့် ကိုယ်စားလှယ်များအား ပြောင်ပြောင်တင်းတင်းပင် ငြင်းဆန်ပြောကြားခဲ့သည်။ တရုတ်နိုင်ငံ၏သတင်းခိုးယူတိုက်ခိုက်စွပ်စွဲမှုများတွင် တရုတ်ဟက်ကာများအနေဖြင့် Adobe နှင့် Google တို့ကဲ့သို့သော ကမ္ဘာတစ်ဝန်းရှိကုမ္ပဏီ၂၀ကျော်ခန့်တွင် အလုပ်လုပ်နေသောလုပ်သားများ သည်လည်း အတိုက်ခိုက်ခံခဲ့ရလေသည်။ ယင်းလုပ်သားများသည် Adobe.pdf ဖိုင်များလက်ခံရရှိကာ ယင်းဖိုင် များအား ဖွင့်ကြည့်ရာမှတစ်ဆင့် ဗိုင်းရပ်စ်များကူး စက်ခံခဲ့ရပါသည်။ ထိုသို့ဗိုင်းရပ်စ်အကူးစက်ခံရသော လက်တော့ပ်၊ သို့မဟုတ် ကွန်ပျူတာသည် ဟက်ကာများ၏ ဆက်သွယ်ချိတ်ဆက်မှု ကိုခံရက အတိုက်ခိုက်ခံရလေသည်။

ထိုကဲ့သို့အခိုင်အမာပြောဆိုချက်များအရ တရုတ်နိုင်ငံ၏ Blue Army သည်ဆိုက်ဘာတိုက်ခိုက်မှုများ၏ နောက်ကွယ်တွင် တည်ရှိနေပြီး တရုတ်တပ်မတော်ဆိုင်ရာ စာတမ်းတွင် အမေရိကန်တို့၏ဆိုက်ဘာစစ်ဆင်ရေး ခြိမ်းခြောက်မှုကို တန်ပြန်တိုက်ခိုက်ရန် တိုက်တွန်းထားသည်ကို တွေ့ရှိရလေသည်။ အမေရိကန်-တရုတ်စီးပွာရေးနှင့် လုံခြုံရေးပြန်လည် သုံးသပ်မှုကော်မရှင်၏ အသေးစိတ်တင်ပြချက် တစ်ခုတွင် တရုတ်နိုင်ငံအနေဖြင့် အမေရိကန်တို့အားရန် လိုစွာဖြင့်ဆန့်ကျင်ဆောင်ရွက်ခြင်းများ၊ သူလျိုထား ခြင်းများ ပြုလုပ်နေကြောင်းဖော်ပြထားသည်။ သို့သော်လည်း တရုတ်နိုင်ငံ၏ဆိုက်ဘာတိုက်ခိုက်မှုများ နှင့် ပတ်သက်၍ အခြေအမြစ်ရှိသော သက်သေအထောက်အထားများ ကိုမူပြသနိုင်ခဲ့ခြင်း မရှိခဲ့ပေ။ အမေရိကန်၊ သြစတြေးလျ၊ အင်္ဂလန်နှင့် ဂျာမဏီနိုင်ငံများသည် တရုတ်နိုင်ငံအနေဖြင့် ယှဉ်ပြိုင်ဘက်စီးပွားရေးအချက်အလက် များကိုရယူရန် သူလျိုထားခြင်းနှင့် ကိုယ်ပိုင်နိုင်ငံတကာဆိုက်ဘာ ကာကွယ်မှုအဖွဲ့အစည်းတည်ထောင်ခြင်း တို့အပေါ် စိုးရိမ်နေခဲ့ကြပါသည်။

တရုတ်နိုင်ငံ၏ ဆိုက်ဘာတိုက်ခိုက်မှု အကြိမ်အရေအတွက်များတိုးလာခြင်းနှင့်အတူ ၄င်းတို့၏ ဆိုက်ဘာတိုက်ခိုက်မှု သတင်းများသည် သတင်းစာဆောင်းပါးများ၊ မဂ္ဂဇင်းစာမျက်နှာများနှင့် အနောက်နိုင်ငံ အများစုရှိ တရားဝင်အစိုးရအဖွဲ့များ၏ သတင်းများမှတစ်ဆင့် ကျွန်ုပ်တို့၏နေ့စဉ်အသိစိတ်များထဲသို့ ၀င်ရောက် လာလျက်ရှိပါသည်။ သို့သော်လည်း ၁၉၉၅ ခုနှစ်ကတည်းကပင် တရုတ်နိုင်ငံ၏ ဆိုက်ဘာတိုက်ခိုက်မှုများနှင့် ပတ်သက်၍ ခိုင်လုံတိကျသည့် သက်သေအထောက်အထားများပြသနိုင်မှု ၁၀၀ ရာခိုင်နှုန်းတိတိကျကျ ပြသနိုင်ခြင်းမရှိခဲ့ပေ။ ၄င်းအချက်သည်ပင်လျင် တရုတ်နိုင်ငံ၏ Blue Army အတွက် ဆိုက်ဘာတိုက်ခိုက်မှုများကို ဆက်လက်လုပ်ဆောင်နိုင်ရန် အခွင့်အရေးများ ရရှိနေခြင်းပင်ဖြစ်သည်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံသည် သတင်းစစ်ဆင်ရေး (Information Warfare) အသုံးချမှုများကို ၁၉၉၅ ခုနှစ်က စတင်ကျင့်သုံးခဲ့ပါ သည်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ ဆိုက်ဘာစစ်ဆင်ရေးခြိမ်းခြောက်မှုသည် ကမ္ဘာတစ်ဝန်းရှိ တပ်မတော် များအကြားတွင် ဆိုးရွားသောတုံ့ပြန်မှုများအဖြစ် သွယ်ဝိုက်ကာဖန်တီးခဲ့လေသည်။ ထိုသို့ဖန်တီးလိုက်ခြင်း သည် တစ်နည်းအားဖြင့် ကမ္ဘာ့နိုင်ငံအသီးသီးတပ်မတော်များအနေဖြင့် ဆိုက်ဘာနယ်ပယ်အတွင်း ကာကွယ်ရေးနှင့် တိုက်ခိုက်မှုဆိုင်ရာ တရားဝင်မူဝါဒတစ်ခု လိုအပ်နေသည်ဖြစ်ကြောင်း သွယ်ဝိုက်ဖော်ပြလျက်ရှိပါသည်။
ထို့အပြင် Blue Army အနေဖြင့် ဆိုက်ဘာနှောင့်ယှက်မှုပြုလုပ်ရာတွင် စစ်ဆင်ရေးနည်းလမ်း လေးမျိုးဖြင့် ပြုလုပ်လေ့ရှိသည်ကို လေ့လာတွေ့ရှိရပါသည်။ ယင်းစစ်ဆင်ရေး များမှာ Virtual sit-ins နှင့် တားဆီးပိတ်ဆို့မှုများ၊ အလိုအလျောက် အီးမေးလ်ဗုံးများ၊ အင်တာနက်ဝက်ဘ်ဆိုက် ခိုးယူခြင်းနှင့် အခြားကွန်ပျူတာတစ်လုံးအတွင်း သို့ ချိုးဖောက်ဝင်ရောက်ခြင်း၊ ကွန်ပျူတာဗိုင်းရပ်စ်များအသုံးပြုခြင်း တို့ပါဝင်လေသည်။

တရုတ်တပ်မတော်မှ ဖွဲ့စည်းထားသော Blue Army ၏ သတင်းအချက်အလက်စစ်ဆင်ရေးဆိုင်ရာ အရေးပါသည့်မဟာဗျူဟာ များမှာ-
• အီလက်ထရောနစ်ရေဒီယို အသံလှိုင်း တန်ပြန်ထုတ်လွှင့်ဖျက်ဆီးခြင်း သို့မဟုတ် ရန်သူ၏သတင်း အချက်အလက် ကွန်ရက်အခြေခံအဆောက်အဦများနှင့် သတင်း စနစ်များကို ဖျက်ဆီးပစ်ခြင်း
• ရန်သူ၏ ထောက်လှမ်းရေးစနစ်အားလုံးနှင့် သတင်းအချက်အလက်စစ်ဆင်ရေးဆိုင်ရာ အဖွဲ့အစည်းကို တိုက်ခိုက်အနိုင်ယူခြင်း
• ရန်သူကမိမိ၏ သတင်းအချက်အလက်များကို လာရောက်တိုက်ခိုက်နိုင်သည့် စွမ်းဆောင်ရည် များကို ထိရောက်မှုမဖြစ်စေရန်လုပ်ဆောင်ခြင်း
• ရန်သူ၏ ကြည်း၊ ရေ၊ လေတပ်ဖွဲ့များ တိုက်ခိုက်မှုစွမ်းရည်ကို ထိခိုက်ကျဆင်းစေပြီး တိုက်ပွဲအတွက် မိမိတို့၏ စွမ်းဆောင်ရည်များ ဖြစ်သည့် တပ်ဖွဲ့များတိုက်ရိုက်ထိန်းချုပ်မှု၊ လက်နက်ပစ်ခတ်မှုလမ်းကြောင်းနှင့် ပစ်ခတ်မှုထိန်းချုပ်တိုင်းတာခြင်းများကို စွမ်းဆောင်နိုင်ခြင်း
• ရန်သူ၏ တိုက်ပွဲစီမံချက်ကို ပုံဖော်နိုင်ခြင်းဖြင့် ၄င်း၏စစ်ဆင်ရေးများ ထိခိုက်ပျက်စီးမှုကို ဖြစ်ပေါ်စေခြင်း
• အခြားစစ်မျက်နှာတစ်ခုတွင် စစ်ဆင်ရေးပြင်ဆင်မှုကိုအသုံးပြု၍ ရန်သူ၏ထောက်လှမ်းရေး လုပ်ငန်းစဉ်များကို အာရုံလွှဲပြောင်းပစ်ခြင်း
• ပြီးပြည့်စုံသော လုပ်ကြံသတင်းများဖြင့်တိုက်ခိုက်ခြင်းနှင့် ရန်သူအနေဖြင့် ယုံကြည်လောက် သည့် ထောက်လှမ်းရေး ဓာတ်ပုံအမှားများကိုပေးပို့၍ ထိရောက်သောတန်ပြန်တိုက်ခိုက်မှုများ ပြုလုပ်ခြင်းတို့ကြောင့် ရန်သူ၏ထိုးစစ်ဆင် မှုစွမ်းရည်များကိုကျဆင်းစေ၍ အနိုင်ယူခြင်း
• သတင်းအချက်အလက်စစ်ဆင်မှု အတုအယောင်များဖြင့် ရန်သူမသိဘဲတိတ်တဆိတ် ချဉ်းကပ် နိုင်မည့်နယ်ပယ် နှင့် လမ်းကြောင်းများအပါအ၀င် နည်းပညာဆိုင်ရာနည်းလမ်းများကို အသုံး ပြုခြင်း
• ရန်သူအား စိတ်ရှုပ်ထွေးစေခြင်း၊ သို့မဟုတ် အတွေးများကို နှောင့်ယှက်ခြင်း
• စစ်ဆင်ရေးဆိုင်ရာလုပ်ကြံမှုများကိုဖန်တီးခြင်းဖြင့် ရန်သူမှ ၄င်း၏စစ်ပြင်ဆင်မှုများ၊ စီမံချက်များကို စစ်ဆင်ရေးဆိုင်ရာသတင်းမှားများအပေါ်တွင်အခြေခံ၍ ရေးဆွဲစေခြင်း
• ရန်သူအနေဖြင့် မှားယွင်းစွာဆုံးဖြတ်စေခြင်း၊ သို့မဟုတ် မှားယွင်းစွာ ပြုလုပ်ဆောင်ရွက်ခြင်းများ ဖြစ်ပေါ်စေခြင်း
အစရှိသည်တို့သည် ၂၁ ရာစု၏ ဆိုက်ဘာခြိမ်းခြောက်မှုများကို ချုပ်ကိုင်ထားသော Blue Army ၏ မူဝါဒများဖြစ်ပါသည်။

၂၁ ရာစုတွင် သတင်းအချက်အလက်နည်းပညာ၏ အကျိုးကျေးဇူးသဘောတရားများကို ကောင်းစွာနားလည် ထားသော တရုတ်ပြည်သူ့သမ္မတနိုင်ငံသည် ယနေ့ကမ္ဘာပေါ်တွင် သတင်းအချက်အလက် နည်းပညာကို အသုံးချကာ ဆိုက်ဘာနှောင့်ယှက်မှုကို ကောင်းစွာပြုလုပ်နိုင်သည့် စွမ်းဆောင်ရည်မြင့်မားသော Blue Army ကဲ့သို့ ဆိုက်ဘာတပ်မတော်တစ်ရပ်ကို ဖွဲ့စည်းတည်ဆောက်ထားခြင်းဖြင့် ကမ္ဘာပေါ်တွင် ၄င်းတို့မသိရှိရသော သတင်းအချက်၊ နည်းပညာ မရှိလောက်အောင်ပင် စွမ်းဆောင်နိုင်ခဲ့ပေသည်။
သို့သော် Blue Army သည် များသောအားဖြင့် စစ်ရေးကဏ္ဍများတွင်သာ ပါဝင်လုပ်ဆောင်နေသည် ဆိုသော်လည်း တရုတ်အစိုးရအနေဖြင့် အရပ်သားဆိုက်ဘာတပ်ဖွဲ့ဝင်များကိုလည်း ဖွဲ့စည်းတည်ထောင်ထားကာ သတင်းအချက်အလက်များ ခိုးယူခြင်းကို လုပ်ဆောင်လျက်ရှိပေသည်။ မည်သို့ပင်ဆိုစေကာမူ တရုတ်နိုင်ငံသည် ဆိုက်ဘာစစ်ဆင်မှုနှင့် ပတ်သက်၍မှု အရှေ့ကိုများစွာရောက်ရှိနေသော နိုင်ငံတစ်ခုဖြစ်ပြီး ၄င်းတို့အပေါ် ချီးမွမ်းပြောဆိုရလျင် ဆိုက်ဘာနှောင့်ယှက်မှုပြုလုပ်သည်ဟု စွပ်စွဲ၍မရအောင် အစအနဖျောက်တက်ခြင်းပင်ဖြစ်ပါသည်။
ထို့ကြောင့် Online Blue Army သည် ယနေ့အချိန်အထိ ကမ္ဘာအနှံ့ရှိ စစ်ရေး၊နည်းပညာ ကဏ္ဍများတွင် သိုသိပ်စွာဖြင့်ဆိုက်ဘာနှောင့်ယှက်မှုများ ပြုလုပ်နေနိုင်ခြင်းပင်ဖြစ်ပါတော့သည်။

( 21 Century of Chinese Cyberwarfare မှအကြောင်းအရာအချက်များကို ဘာသာပြန်ထားပါသည်)
WorldWide (BMSTU)

Credit to ==> TechSpace Journal
Credit to Myanmar Black Hacking

KoHtike(KHMITC)
ကောင်းနိုးရာရာလေးများပြန်လည်စုစည်းမျှဝေသည်။

0

pCloud Account Storageကို ပိုက်ဆံပေးဝယ်စရာမလိုပဲ မြှင့်နည်း

Saturday, March 26, 2016
မင်္ဂလာပါ။
pCloud account Storageတွေကို ပိုက်ဆံပေးဝယ်စရာမလိုပဲ Storageမြှင့်နည်းလေးပါ။
တစ်ချို့သူငယ်ချင်းတွေကတော့ pCloud accountတစ်ခုလျောက်လိုက်တဲ့ချိန်ကပေးထားတဲ့Storageကုန်သွားရင် နောက်ထပ် အကောင့်တစ်ခုလျှောက်ပြီးသုံးကြပါတယ် တကယ်လို့Uploadတင်ထားတဲ့Dataတွေကိုလိုချင်တဲ့ချိန်ကျတော့ ဟိုအကောင့်ထဲမှာဝင်ကြည့်လိုက်ရ ဒီအကောင့်ထဲမှာဝင်ကြည့်လိုက်ရလုပ်ရတော့ ကျနော်အတွကတော့ အလုပ်ရှုပ်ပါတယ် ကျနော်ကတော့ အကောင့်တစ်ခုထဲမှာပဲDataတွေကို Video, MP3, Photo, Software,PDFတွေကို Folderသီးသန့် နေရာတကျ စုစည်းပြီးတစ်နေရာထဲမှာပဲထားရတာကို နှစ်သက်ပါတယ် 
စနစ်တစ်ကျစုစည်းမှုလုပ်ရတာကိုလဲ ကျနော်က ဝါသနာပါတယ်ဗျ
အဲလိုပြောလို့ ကျနော်pCloudအကောင့်ကိုစိတ်ဝင်စားပြီHackချင်စိတ်ပေါက်လာပြီမလား? မလုပ်ပါနဲ့ဗျာ တားတားအကောင့်လေးတော့ ချမ်းသာပေးပါ ... ငိငိ
အဲလိုထားချင်တဲ့သူတွေကြတော့ မူလ Storageကပြည့်သွားရင် ပိုက်ဆံပေးပြီးတော့ဝယ်ချင်တဲ့သူကတော့ရှားမှာပါပဲနော် ပိုက်ဆံပေးဝယ်မယ်ဆိုရင်တောင် Paypal, Coinbit accountတွေလုပ်ပြီးငွေဖြည့်ပြီးမှ ဝယ်လို့ရတာပါ အခုကျနော်ပြောမည့်နည်းလေးက Paypal account, Coinbit acciuntတွေလဲလျောက်စရာမလိုပါဘူး ပိုက်ဆံပေးဝယ်စရာလဲမလိုပါဘူး ပိုက်ဆံပေးပြီးဝယ်မယ်ဆိုရင်တော့ 500GBကို 47 USD(မြန်မာငွေ32900)လို့ အကိုဇော်မျိုးထွဋ်ကပြောတယ် အသူဝယ်တာ
ကဲစကားပေါတာတော်တော်လေးများသွားပြီဗျာ 
ကဲ စမယ်နော်

1. 
မိမိpCloud accountကို Browserမှာ Loginဝင်လိုက်ပါ Loginဝင်ပြီးသွားရင်တော့ ပုံမှာအတိုင်းSettingနေရာ ရောက်အောင်သွားပြီး More Spaceကိုနှိပ်လိုက်ပါ။

2.
 အောက်ကပုံ အတိုင်းပေါ်လာရင်Invite Friendsကိုနှိပ်လိုက်ပါ။

3. 
Share Facebook, Twitter, E-mailတို့မှာShareရာလုပ်ပြီး ကိုယ့်သူငယ်ချင်းတွေကို Registeryလုပ်ခိုင်းလိုက်ပါ။ LinkကိုCopyယူပြီးတော့သူငယ်ချင်းတွေကိုပေးချင်ရင်တော့ Share Facebook Twitter,  E-mailဆိုတာရဲ့အပေါ်မှာLinkပေးထားပါတယ် အဲဒါကိုCopyယူပြီးသူငယ်ချင်းတွေကိုပေးလိုက်လဲရပါတယ်။ကိုယ်သူငယ်ချင်းတွေက အဲဒီLinkကနေ Registeryလုပ်ပြီးလို့ Verfilyလုပ်ပေးလိုက်ရင် ကျနော်တို့pCloudအကောင့်က 1GBတိုးလာပါပြီဝင်ကြည့်လိုက်ပါ။

4.
pCloud Accountလျှောက်နည်းပါ။

(1)pCloud Accountလျှောက်နည်းကတော့ အလွယ်လေးပါ Accountမလုပ်တက်ဘူးဆိုရင်လဲ Commentမှာပြောခဲ့ပါ။ ပြောပြပါမယ်
အကောင့်လုပ်နည်းကတော့ အလွယ်လေးပါ


အဲဒီLinkကိုနှိပ်ပြီးတော့သွားလိုက်ပါ အောက်ကပုံအတိုင်းတွေ့ရလျှင်  E-mailနေရာမှာ ကိုယ်ကြိုက်ရာMailကိုထည့်လို့ရပါတယ် Gmailမှ မဟုတ်ပါဘူး 
တစ်ချို့သူငယ်ချင်းတွေကပြောကြပါတယ် Gmailထည့်လိုက်ရင်Gmailမှာ AccountကိုVerfilyလုပ်ဖို့ Linkပို့မလာဘူးဆိုလား?  အဲဒီpCloud accountလျှောက်ထားတဲ့Gmailဆော့ဝဲထဲမှာ Linkလာမပို့ဘူးဆိုရင် အဲဒီpCloud accountလျှောက်ထားတဲ့Gmailကို BrowserမှာLoginဝင်ပြီးတော့ကြည့်လိုက်ပါ Verfily Linkကိုတွေ့ရပါလိမ့်မယ်။ Gmailနဲ့ အဆင်မပြေဘူးဆိုရင် တခြားTelenor mail, Mail.ruစတဲ့ အဆင်ပြေရာ Mailတွေကိုလဲ အထည့်ပေးလို့ရပါတယ်
(2)Chose Passward & Repeat Passwardမှာ ကနုယ့်ရဲ့pCloud Account Passwardကိုထည့်ပေးရပါမယ် အပေါ်ကြောင်းနဲ့အောက်ကြောင်းကို Passwardအတူပေးရပါမယ် 
(3)Acceptဆိုတာလေးကို အမှန်ခြစ်လုပ်ပေးပြီး Registerကိုနှိပ်လိုက်ပါ။
5.
AccountကိုVerfilyလုပ်နည်းပါ
pCloud Accountလျှောက်တဲ့ချိန်က ထည့်ထားတဲ့Mailမှာသွားလိုက်ပါ။
pCloud Teamက ပို့လာတဲ့စာကိုတွေ့ပါလိမ့်မယ် နှိပ်လိုက်ပါ။


6.
In older to use pCloud's full set of features, verfily your account by clcking the folowing link.
ဆိုတဲ့စာရဲ့အောက်က Linkကနှိပ်ပြီးသွားလိုက်ပါ။
7.
အောက်ကပုံမှာ အတိုင်းပေါ်လာပါလိမ့်မယ် အဲလိုပေါ်လာရင် accountကိုVerfilyလုပ်လို့ပြီးပါပြီ။
(Hackerသမားတွေ အကောက်ကပုံမှာ 2015cock.h@gmail.comကိုတွေ့လိုက်တာနဲ့ COC အကောင့်ဆိုပြီး Hackမနေကြနဲ့နော် လိုချင်ရင် လာတောင်းပါ Accountကော Passwardကောပေးပါမယ် ဒါပေမဲ့လို့Level1ကို Connectedလုပ်ထားပြီး မဆော့ဘူးနော် လိုချင်ရင်ရင်တော့ပြောခဲ့ပေါ့ ဟဲဟဲ)

8.
အောက်ကပုံမှာ ကြည့်လိုက်ပါ မူလ အကောင့်စလျောက်တော့ 11GBပါ အခု11GB မရတော့ဘူးနော်
သူငယ်ချင်းတွေက Invite Linkကနေဝင်လျောက်ပေးလို့တော့ မဟုတ်ဘူးဗျ ကွကိုယ်ပဲလျောက်တာ Gmail,Mail.ruစတဲ့ Mailတွေကတော့ နည်းပညာသမားတိုင်းလျှောက်တက်နေတာပဲလေ Mailအကောင့်တစ်လျောက် Invitetလုပ်ထားတဲ့Linkကနေ ဝင်ပြီးpCloudအကောင့်လျောက်လိုက်ပေါ့ဗျာ သူများတွေက ဝင်လျောက်မပေးလဲ ကိစ္စမရှိပါဘူး Mailအကောင့်တွေဆိုတာလဲ ကိုယ်ကိုလျောက်တက်နေတာပဲ ဟုတ်တယ်မလား အဲတော့ကိုယ်ကိုပဲ Invite Linkကနေဝင်ပြီးလျောက်လိုက်ပေါ့ဗျာ။

သတိ
pCloudအကောင့်ကို Verfily(အတည်ပြု)ပြီးမှ Storageက တက်လာနော် Verfilyမလုပ်ရင် မရပါဘူး။
နောက်တစ်ခုက ကျနော်ပေးတဲ့Invite Linkကနေဝင်ပြီး အကောင့်လျှောက်ရင်းနဲ့ ကျနော်ကိုကူညီပါ။
ကျနော်ကို ကူညီသညိ့အနေနဲ့ Invite Linkကနေဝင်လျောက်ရင် 10.9GB Freeရတယ်နော်
invite linkကနေဝင်လျှောက်တာမဟုတ်ရင်တော့ 10GBပဲရပါတယ် ကျနော်လျှောက်ကြည့်တာတော့ စမ်းကြည့်ပေါ့ဗျာ

အားလုံးပဲ အဆင်ပြေကြပါစေ။

Credit to KoHtike(KHMITC)




0

BLOGတွက်​​ဖောင့်​အလှ​လေးများ

Friday, March 25, 2016
ဒိဆိုဒ်​​လေးကမဆိုးဘူး bloggerများအတွက်​​တော်​​တော်​​ကောင်းပါတယ်​​ဖောင့်​​လေး​တွေကိုအလှ​လေး​တွေနဲ့အရှင်​​လေး​တွေပါ ပုံစံ​လေး​တွေရဲ​အောက်​မှာsearch box​လေးထဲမှာမိမိ​ရေးခြင်​တာ​လေး​တွေ​ရေးပြိး​တောgetcoadကိုနှိပ်​လိုက်​ပါ

အောက်​မှာbox​လေးနှစ်​ခုရှိပါတယ်​အ​ပေါ့​ဘောက်​​လေးထဲကကုဒ်​​တွေကိုအကုန်းcopyယူပါ


ပြိးရင်မိမိblog

►1. Login လုပ်လိုက်ပါ ဘလော့ကာကို
►2. Layout ကိုကလစ်ရပါ့မယ် မိမိတို့ Dashboard ကနေပေါ့
►3. Add a Gadget ကိုကလစ်ပေးလိုက်ပါ
►4. HTML/Javascript. ကိုကလစ်ပြီး ကျလာတဲ့ ဘောက်လေးထဲမှာဘဲ
►5. အောက်ကပေးထားတဲ့ ကုဒ်တွေကို ကော်ပီယူ ထည့်လိုက်ပါ




Credit to babylayနည်းပညာ

KoHtike(KHMITC)
ကောင်းနိုးရာရာလေးများပြန်လည်စုစည်းမျှဝေသည်။










0

BLOGမှာစာ​ကြောင့်​​လေး​တေအထက်​​အောက်​​ပြေး​နေ​အောင်​လုပ်​နည်း

ဘ​လော့မှာစာ​ကြောင်းအတက်​အဆင်း​လေးထားမယ်

ပြုလုပ်​နည်း

►1. Login လုပ်လိုက်ပါ ဘလော့ကာကို
►2. Layout ကိုကလစ်ရပါ့မယ် မိမိတို့ Dashboard ကနေပေါ့
►3. Add a Gadget ကိုကလစ်ပေးလိုက်ပါ
►4. HTML/Javascript. ကိုကလစ်ပြီး ကျလာတဲ့ ဘောက်လေးထဲမှာဘဲ
►5. အောက်ကပေးထားတဲ့ ကုဒ်တွေကို ကော်ပီယူ ထည့်လိုက်ပါ

<marquee onmouseover="this.stop()" onmouseout="this.start()" scrollamount="2" direction="up" width="100%" height="200" align="center">
<p>ဖတ်​ပါ</p>
<p>မှတ်​ပါ</p>
<p>​လေ့လာပါ</p>
<p>ဘယ်​အရာမဆို</p>
<p>သင့်​တွက်​ပိုသည်​မရှိပါ</p>
<p>ဒါ​ကြောင့်​</p>
<p>​ကောင်​တဲ့အရာမှန်​သမျှကို</p>
<p>​လေ့လာသင်​ပါသည်​</p>
</marquee>

မှတ်​ချက်​_စာသားများကိုကြိုက်​သလို​ရေးနိုင်​ပါသည်​...

ကျွန်​​တောဒိပို​လေးကိုitဖိုးခွားနည်းပညာမှကူယူ​ဖော်​ပြခြင်းပဲဖြစ်​ပါသည်

Credit to ITဖိုးခွါး

KoHtike(KHMITC)
ကောင်းနိုးရာရာလေးများပြန်လည်စုစည်းမျှဝေသည်။











0

Facebook Vs-69.00.26.76 (Mar,24,2016 update)

Facebook Vs-69.00.26.76 (Mar,24,2016 update)

မ​နေ့ကမှ Playstore မှာ Update ​ပေးတဲ့ Facebook Vs-69.00.26.76 ​လေးပါ။ Update ကြိုက်​ ကိုကို မမ များအတွက်​တင်​​ပေးလိုက်​ပါတယ်​။ လိုအပ်​သူများ​ဒေါင်းယူပါ။

App - Facebook
Version - 69.00.26.76 (Mar,24,2016)
Filesize - 34.9MB
Downlod link -  "Downlod Here" 

0

Messenger (Mar 23 2016 Update)

Messenger (Mar 23 2016 Update)
      ကဲ တ​နေ့ကမှ Playstore မှာ Update ​ပေးထားတာပါ။ ​ထွေ​ထွေထူးထူးမ​ပြော​တော့ဘူး ​Update ကြိုက်​သူ​တွေ ​ဒေါင်းထား​တော့​နော်​။

App- Facebook Messenger
Version - 63.0.0.10.56
Filesize - 23.5MB
Downlod link -  "Downlod Here" 

0

HTML Lesson(3)

Monday, March 21, 2016
Groupမှာ ပါဝင်ခွင့်မရလိုက်တဲ့သူတွေအတွက်Video Fileလေးကို ဆရာအမုန်းရိပ်၏ခွင့်ပြုချက်ကို ရယူပြီး ပြန်လည်Shareပေးလိုက်ပါတယ်။
Textကိုတော့ ဆရာ အမုန်းရိပ်က သူ့ဆရာရဲ့Textတွေဖြစ်သည့်အတွက်
Shareခွင့်ပြုမထားသည့်အတွက်ကြောင့်ပါ။
Video Fileလေးကို Downloadရယူလိုပါက
 HTML Lesson(1.2.3)VideoFile➡➡➡DownloadHere.
သင်ခန်းစာ "အစ"ကနေ  မကြည့်လိုက်ရတဲ့သူတွေအတွက်ကော အဆင်ပြေအောင် ဖိုင်တစ်ခုတည်းဖွဲ့ပြီးတင်ပေးထားပါတယ်နော်

ကျနော်တို့လို PCမရှိတဲ့သူတွေအတွက် PHက HTML သင်ခန်းစာတွေကို စမ်းသပ်နိုင်မည်Androindဆော့ဝဲလေးကိုလဲ အောက်မှာDownloadရယူနိုင်ပါတယ်။
HTML Tester➡➡➡DownloadHere.

PC မရှိတဲ့သူများ အတွက်blogတစ်ခုရှိရင်လဲ အဆင်ပြေပါတယ်
သူများတွေလို PCမရှိတော့လဲ အဆင်ပြေရာ ပြေကြောင်း ကြံရ ဖန်ရတာပေါ့နော်

ဆရာအမုန်းရိပ်နှင့်HTML Testerဆော့ဝဲရေးသားသူဆရာအားCreditပေးပါသည်။

အားလုံးပဲ အဆင်ပြေကြပါစေ။

KoHtike(KHMITC)
ကောင်းနိုးရာရာလေးများပြန်လည်စုစည်းမျှဝေသည်



0

HTML Lesson(2)

Sunday, March 20, 2016

Groupမှာ ပါဝင်ခွင့်မရလိုက်တဲ့သူတွေအတွက်HTML Lesson(2)Video Fileလေးကို တင်ပေးလိုက်ပါတယ်
Video Fileလေးကို Downloadရယူလိုပါက
 HTML Lesson(1)VideoFile➡➡➡DownloadHere.

ကျနော်တို့လို PCမရှိတဲ့သူတွေအတွက် PHက HTML သင်ခန်းစာတွေကို စမ်းသပ်နိုင်မည်Androindဆော့ဝဲလေးကိုလဲ အောက်မှာDownloadရယူနိုင်ပါတယ်။
HTML Test➡➡➡ DownloadHere.

ဆရာအမုန်းရိပ်နှင့်HTML Testerဆော့ဝဲရေးသားသူဆရာအားCreditပေးပါသည်။

အားလုံးပဲ အဆင်ပြေကြပါစေ။
KoHtike(KHMITC)
ကောင်းနိုးရာရာလေးများပြန်လည်စုစည်းမျှဝေသည်