အပူပေးခံရတဲ့ ရွှေဟာ အလှဆင်ပစ္စည်း ဖြစ်လာတယ်။ နန်းကြိုးဆွဲခံရတဲ့ ကြေးဟာ ကြေးနီ ချောင်း ဖြစ်လာတယ်။ ထွင်းထုခံရတဲ့ ကျောက်တုံးဟာ ပန်းပုရုပ်ဖြစ်လာတယ်။ ဘ၀မှာ နာကျင်မှု များလေ တန်ဖိုးတက်လေပဲ။
Showing posts with label နည်းပညာဆိုင်ရာများ. Show all posts
Showing posts with label နည်းပညာဆိုင်ရာများ. Show all posts
0
ဘာကြောင့် Hars Disks များကို Defrag လုပ်ဘို့ လိုအပ်ပါသလဲ...?
Tuesday, April 12, 2016
ဒီမေးခွန်းကိုမကြာခဏ အမေးခံရဘူးပါတယ်။ဘာလို့လဲဆိုတော့ ကျွန်တော့် မိတ်ဆွေ၊သူငယ်ချင်း၊
တပည့်များ အားလုံးကို ကွန်ပြူတာမှာ ရှိနေတဲ့ Hard Disks များ၊ကွန်ပြူတာမှာ ချိတ်ဆက် အသုံး
ပြုနေတဲ့ USB PanDrives များ၊Extra Hard Disks များကို တပါတ်လျှင် တခါ Defrag လုပ်ပေးသင့်
တယ်လို့ မကြာခဏ ပြောတဲ့အတွက်ပါ။
ဟုတ်ပါတယ်။ကွန်ပြူတာ သုံးသူတိုင်း Defrag လုပ်ရမှာ၊လုပ်သင့်တာကို များသောအားဖြင့် သတိ
မထားတတ်ကြပါဘူး။ဖိုင်တွေကို လွတ်နေတဲ့ Hard Disks တွေမှာ သိမ်းထည့်ပြီး သုံးကြတာဘဲများ
ပါတယ်။ဒီအတိုင်း Hard Disks တွေကို Clean Up၊Defrag မလုပ်ဘဲ သုံးတာကြာလာရင် ဖြစ်လာနိုင်
တာတွေကတော့...
(၁)ဖိုင်တွေကို ဖွင့်တဲ့အခါ Windows Explorer ပုံမှန်အလုပ်မလုပ်တော့ဘဲ Not Responding
    လို့ စာတန်းတက်ပြီး အလွယ်တကူဖွင့်မရခြင်း။
(၂)Hard Disks မှာ သိမ်းဆည်းထားတဲ့ဖိုင်များကို Move,Delete လုပ်၍ မရခြင်း။
(၃)Rename ဖိုင်နာမည်၊Folder နာမည်များ ပြောင်း၍ မရခြင်း။(Read Only ဆိုတဲ့စာတန်း
    သာတက်လာပါမယ်)
(၄)exe Format မဟုတ်သော တချို့သော ဆော့ဝဲများ၊ဂီမ်းများ ကိုဖွင့်လိုက်တဲ့အခါ Shotcut
   Icon အဖြစ်သာတွေ့ရပြီး ဖွင့် မရခြင်း။
(၅)Hard Disks ရဲ့ Free Space ကရှိသင့်တာထက် နည်းပြီး Free Space များပျောက်ဆုံး
    နေတတ်ခြင်း။
(၆)ဖိုင်များကို Copy,Move လုပ်တဲ့အခါ လိုအပ်တဲ့အချိန်ထက် ပိုကြာပြီး အလွန်နှေးကွေး
   ခြင်း။
(၇)နောက်ဆုံးအဆင့် Lost Hard Disks ဖြစ်ခြင်း။Computer ကိုကလစ်ပြီးဖွင့်လိုက်တာနဲ့
    Partition ခွဲထားတဲ့ Hrad Disks များ ပျောက်နေခြင်း(အများသုံး စကားနဲ့ပြောရရင်..
    Hard Disk ပျက်တယ်ပေါ့)
ဤသို့သော ပြဿနာများ မဖြစ်ရအောင် Hard Disks များကို တပါတ်တခါ အနဲဆုံး Defrag
လုပ်ပေးသင့်ပါတယ်။ဖိုင်တွေကို စည်းကမ်းတကျ သူ့နေရာနဲ့သူ ရှိစေပြီး ဖရီး ပမာဏ ကိုလဲ
ပုံမှန်အတိုင်း ဖြစ်နေစေဘို့ "Dehrag" လုပ်ပေးရခြင်းပါ။
အပေါ်ကပုံကို ကြည့်ပါ။Folder တခုကို ညာကလစ်ထောက်၊Properties ကို ကလစ်ပြီးကြည့်
လိုက်ရင် ဖိုင် size နဲ့ size on disk တို့ မတူညီတာကို တွေ့ရမှာဖြစ်ပါတယ်။နောက်ပြီး Hidden
နဲ့တန်းတန်းမှာ ရှိနေရမဲ့ Advanced ဆိုတဲ့စာတန်းလေးလဲပျောက်နေတာကိုတွေ့ရမှာပါ။ဒါဆို
Hard Disk ရဲ့ ကျန်းမာရေးအခြေအနေ အတော်ဆိုးနေပါပြီ။Defrag အမြန်ဆုံးလုပ်ပါ။
အားလုံးဘဲ..စည်းစနစ်မှန်ကန်စွာ ကွန်ပြူတာကိုသုံးတတ်ပြီးပျော်ရွှင်ကြပါစေဗျာ...။
အသစ်တင်တိုင်း facebook က ဖတ်မယ်ဆိုရင်{ ဒီမှာ like } လုပ်ပေးထားပါ
0
Thursday, March 3, 2016
------------------------------------------------------------------------------ ------------------------------------------------------------------------------ 
(Unicode Version)
“ Google Docs Voice Typing တွင် Edit နှင့် Format ပါ ပြုလုပ်နိုင် “
စာများများရိုက်လေ့ရှိသူများအဖို့ smart device တစ်ခုဖြင့် နှုတ်တိုက်ချပေးကာ စာရိုက်နိုင်ခြင်းသည် လွန်စွာ အဆင်ပြေမည့်ကိစ္စတစ်ခုဖြစ်သည်။ Google Docs သည် ထင်ရှားသော online office suite တစ်ခုဖြစ်ပြီး အသံဖြင့် စာရိုက်ယူနိုင်သော dictation အပြင် ယခုအခါအသံဖြင့် documents များကို editing နှင့် formatting ပါပြုလုပ်နိုင်တော့မည်ဟု သိရသည်။ Chrome ဖြင့် Google Docs သုံးစွဲသူသည် ကီးဘုတ်ကိုပင် မကိုင်ဘဲ စာရေးသားနိုင်ပြီး ၀တၳုတစ်အုပ်ပင် ဖန်တီးနိုင်လိမ့်မည်ဟု ဆိုခဲ့သည်။ Voice Typing အား Google မှ Google Docs tool menu တွင်ထည့်သွင်းပေးခဲ့ကာ ၂၀၁၅ စက်တင်ဘာကတည်းက စတင်ခွင့်ပြုပေးခဲ့ခြင်း ဖြစ်သည်။ သို့ရာတွင် edit နှင့် အမှားပြင်ဆင်မှုများရှိသဖြင့် ကီးဘုတ်ကို လက်လွှတ်မရနိုင်ဘဲ ကွန်ပျူတာနှင့် ေ၀းေ၀းခွာ၍ခိုင်းစေရန် ထိုစဉ်ကမဖြစ်နိုင်ခဲ့ပေ။ ယခုအသစ် ပါ၀င်လာသော editing နှင့် formatting command တို့ကြောင့် Google Docs အား ကီးဘုတ်မလိုဘဲ သုံးစွဲခွင့် ပိုမိုရရှိလာမည်ဖြစ်သည်။ Voice Typing ၏ တိုးချဲ့မှုတစ်ခုဖြစ်သဖြင့် Function အသစ်အား Voice Typing ကိုရွေးချယ်ကာ စတင်အသုံးပြုနိုင်မည်ဖြစ် သည်။ သုံးစွဲသူများအနေဖြင့် editing နှင့် formatting အတွက် အမိန့်ပေးစေခိုင်းမှုများပြုလုပ်နိုင်မည်ဖြစ်သည်။ အမိန့်ပေးနိုင်သော အချက်များစွာရှိပြီး command list မှ ကြည့်ရှုနိုင်သလို ''Voice commands help" ဟု အသံဖြင့်လည်း ရှာဖွေနိုင်မည်ဖြစ်သည်။ Google Docs ၏ Voice Typing မည်မျှထိရောက်မှုရှိမည်ကိုမူ စမ်းသပ်သုံးစွဲရမည်ဖြစ်ပြီး လက်ရှိကာလတွင်မူ အမြဲတမ်းစာရေးနေသူများအား အထောက်အကူပြုနိုင်ရုံအဆင့် သာ ရှိသေးသည်ဟုယူဆရပြီး ကီးဘုတ်အား လုံး၀အစားထိုးရန်မလွယ်ကူသေးပေ။
Credit to NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal
အဆင်ပြေပါစေ။
KoHtike(KHMITC)
ကောင်းနိုးရာရာလေးများပြန်လည်စုစည်းမျှဝေသည်။
0
ဇူးနစ်(နည်းပညာ)မှ
Wednesday, February 24, 2016
Rootလုပ်နည်းများ->> Go to here.
Firmwareတင်နည်းများ->> Go to here.
PC Softwareများ->> Go to here.
                                                     www.ayekyaw.org
                                              www.kohtikeit.bligspot.com
ကျနော်တင်သမျှကို Facebookမှ ရယူလိုပါ->>သည်မှာ သွားရောက်Likeလုပ်ခဲ့ပါ
                                                   KoHtike(KHMITC)
                        ကောင်းနိုးရာရာလေးများပြန်လည်စုစည်းမျှဝေသည်။