Huawei_Y6_(SCC-U21) Firmware C900B150CUSTC636D005_Myanmar Font Original
Huawei Y6 တွေ System Update တင်မရဘူးဆိုသူတွေအတွက် ဒီ Firmware လေးကို တင်လိုက်ပါ။ Update တင်လို့ရသွားပါလိမ့်မယ်။ လက်တွေ့စမ်းသပ်ပြီးဖြစ်ပါသည်။
ကဲ Firmware ကိုအောက်မှာဒေါင်းလိုက်ပါ။
''Firmware Downlod Here 1.1GB''
Firmware တင်နည်း
""""""""""""""""""""""""""""
ယခုဖော်ပြပေးမှာကတော့ Heaweiဖုန်းတွေကို Computer မလိုပဲ Firmware တင်နည်းကိုပြပေးမှာပါ။
အခုတစ်လော internet မှာ ကျွန်တော့ Huawei ဖုန်းလေးfirmware တင်မရဘူး Errorပြနေတယ်လို့ပဲကြားနေရပါတယ်။နည်းလမ်းမမှန်လို့ပါ။အဓိကများသောအားဖြင့် သူတို့ဟာ Firmware zip ကို Sd Card ထဲတန်းထည့် volum +,,,- power key နှိပ်တော့တာပဲ အဲ့နည်းက တချို့ဖုန်တွေမှာရပါတယ် ဖုန်းအမျိုးအစားတစ်ခုနဲ့တစ်ခု Firmware တင်နည်းမတူပါဘူး။ အခုဖော်ပြပေးသောနည်းသည် Huawei ဖုန်းများအတွက်သာဖြစ်ပါသည်။
တင်နည်းကိုအောက်မှာကြည့်ပါ။
(မှတ်ချက်......။Firmware တင်မည့်ဖုန်းသည် အားအနိမ့်ဆုံး ၅၀% ရှိရန်လိုအပ်ပါသည်။ battery မကောင်းလျှင် အသစ်လဲထားသင့်ပါသည် firmware တင်နေတုန်း အားကုန်သွားလျှင် Error အမျိုးမျိုးကြုံနိုင်ပါသည်။)
***###***
ယခုနည်းလမ်းကိုအသုံးပြုရန်အတွက်
SD Card 4GB တစ်ကဒ်လိုအပ်ပါသည်။SD Card ထဲတွင်အလွတ်ဖြစ်နေရပါမည်။ မည်သည့် File မျှမရှိလေကောင်းလေဖြစ်ပါသည်။
ပထမဦးဆုံး Firmware Zipကို SD Card ထဲထည့်ပါ။ ပြီးရင် Firmware Zip ကို unzip လုပ်ပါ(zip ဖိုင်ဖြည်ပါ)
ထိုအခါ unzip လုပ်လိုက်သော Firmware Folder ထဲတွင်( Dload ) ဟူသော Floder ထဲတွင် Update.app ဟူသော File ကိုတွေ့ရပါမည်။(တစ်ခါတစ်လေ Firmware Folder ထဲတွင် Vendor ဟူသောအမည်ဖြင့် Folder တစ်ခုထက်တွေရပါမယ်။ အဲ့ Folder ထဲတွင် Update.app ဖိုင်တစ်ခုကိုထက်တွေရပါမယ်။ ထို Vendor Folder ထဲမှ update.app ဆိုသောဖိုင်ကို Update_Cust.app ဟုပြောင်း၍ Dolad Foldar ထဲတွင်ထည့်ပါ။
ထိုအခါ Dolad Folder ထဲတွင် update.app နှင့် Update_Cust.app ဟူ၍ ဖိုင်နှစ်ခုရှိနေပါမယ်။)
ဟုတ်ကဲ့အဲ့လိုပြီးရင်တော့ update.app နှင့် Update_Cust.app ထည့်ထားတဲ့ Dload Folder ကို SD Card ထဲသို့ ပြောင်းလိုက်ပါ။( Dload Folder ကို မည်သည့် Folder ထဲတွင်မှမထားပါ SD card ထဲ တိုက်ရိုက်ထားခြင်းကိုဆိုလိုပါသည်။)
ကဲ့အဲ့လိုပြီးရင်တော့ SD Card ကို Firmware တင်မည့်ဖုန်ထဲထည့်
ဖုန်းရဲ့ (VOLUME -)KEY , (VOLUME +)KEY , နဲ့ (Power)key ထို့ကို ပြိုင်တူ နှိပ်ထားပါ။စက္ကန့်အနဲငယ်ကြာအောင်။
ပြီးရင်တော့ ဖုန်းဟာ firmware တင်ခြင်းကို သူ့ဖာသာသူ လုပ်ဆောင်သွားပါလိမ့်မယ်။ ၂မိနစ်မှ မိနစ် ၃၀ ထိကြာနိုင်ပါတယ်။ ကျွန်တော့ ဖုန်းတော့ ၂မိနစ်ကျော်ပဲကြာပါတယ်။
0
Huawei_Y6_(SCC-U21) Firmware C900B150CUSTC636D005_Myanmar Font Original
Tuesday, December 13, 2016
Thaw Htut San
Artikel Terkait:
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment