Pages

Saturday, January 16, 2016

Android Device များအား adb ဖြင့် Screen Lock ပယ်ဖျက်ခြင်း



Android Device တွေမှာ အကြောင်းအမျိုးမျိုးကြောင့် Screen Lock ကျသွားတဲ့အချိန်မှာ Lock ကိုပြန်လည်ဖြုတ်တဲ့ နည်းလမ်းတွေထဲက လွယ်ကူတဲ့ နည်းလမ်းတစ်ခုကို ပြီးခဲ့တဲ့အပတ်က ဖော်ပြခဲ့ပါတယ်။ ခုဖော်ပြမယ့် နည်းလမ်းကတော့ adb ကိုအသုံးပြုပြီး Screen Lock ကိုပယ်ဖျက်တဲ့ နည်းလမ်းဖြစ်ပါတယ်။ ဒီနည်းလမ်းဟာ ကျွမ်းကျင်စွာ ပြုလုပ်တဲ့ နည်းလမ်းအဆင့်ဖြစ်ပြီး လိုအပ်ချက်တွေလည်း ရှိနေပါတယ်။ ယခင်အပတ်က ဖော်ပြခဲ့တဲ့နည်းလမ်းဟာ ဖုန်းထဲမှာရှိနေတဲ့အချက်အလက်တွေကို ပျောက်ပျက်သွားစေ နိုင်ပါတယ်။ ယခု ဖော်ပြမယ့် နည်းလမ်းကတော့ ဖုန်းထဲက အချက်အလက်တွေကို ဆုံးရှုံးစရာ မလိုအပ်ပါဘူး။ သို့ပေမယ့် ဒီနည်းလမ်းကို အသုံးပြုနိုင်ဖို့ အတွက်တော့ ဖုန်းမှာ Root Access ရှိရမှာဖြစ်သလို ဖုန်းရဲ့ USB Debugging Mode ကိုလည်း ဖွင့်ထားပေးဖို့ လိုအပ်ပါလိမ့်မယ်။ ကွန်ပျူတာရှိဖို့ လိုအပ်သလို adb ဆော့ဖ်ဝဲရှိနေဖို့လည်း လိုအပ်ပါတယ်။ adb ဆိုတာကတော့ Android Debug Bridge လို့ အဓိပ္ပါယ်ရပါတယ်။ ဆော့ဖ်ဝဲကိုတော့ ရယူချင်ရင်တော့ ဒီနေရာကနေDownload ပြုလုပ်ယူ နိုင်ပါတယ်။ ဆော့ဖ်ဝဲကို ရပြီဆိုရင်တော့ ကွန်ပျူတာပေါ်မှာ ထည့်သွင်းပြီး Install ပြုလုပ်လိုက်ပါ။ ဒါဆိုရင်တော့ ခုလိုမျိုးမြင်ရ ပါလိမ့်မယ်






Install ပြုလုပ်ပြီးသွားပြီ ဆိုရင်တော့ ကွန်ပျူတာရဲ့ C ထဲမှာ adb ဖိုင်တွေကို ပြန်သွားရှာရမှာ ဖြစ်ပါတယ်။ C ထဲမှာ adb ဖိုင်တွေကို ခုလိုမျိုးမြင်တွေ့ ရမှာဖြစ်ပါတယ်





adb ဖိုင်တွေကို ဖွင့်လိုက်မယ်ဆိုရင်တော့ ခုလိုမျိုးမြင်တွေ့ ရပါလိမ့်မယ်



adb ဖိုင်တွေကို ထောက်ပြီး ဖွင့်လိုက်ပါ။ ဒါဆိုရင်တော့ ခုလိုမျိုးမြင်တွေ့ ရမှာဖြစ်ပါတယ်။ မြင်တွေ့ရတဲ့ မြင်ကွင်းဟာ ကွန်ပျူတာရဲ့ cmd လိုမျိုး commands တွေအသုံးပြုပြီး ပြုလုပ်ရမယ့် ပုံစံမျိုးဖြစ်ပါတယ်။

adb command တွေကိုလည်း သိရှိထားဖို့ လိုအပ်ပါလိမ့်မယ်။ adb ကိုမြင်ရပြီဆိုရင်တော့ ဖုန်းကိုကွန်ပျူတာမှာ ချိတ်ဆက်ပြီး ပထမဆုံးအနေနဲ့ adb ဆိုပြီး ရိုက်လိုက်ပါ။ adb အသုံးပြုလို့ ရပြီဆိုရင်တော့ command နေရာမှာ adb devices ဆိုပြီး ရိုက်လိုက်ပါ။ adb က device ကိုရှာဖွေပြီး ဖော်ပြပေးပါလိမ့်မယ်။ Device ကို တွေ့ပြီဆိုရင်တော့ ထွက်ပေါ်လာမယ့်စာကြောင်းမှာ adb shell ဆိုပြီး ထပ်ရိုက်လိုက်ပါ။ ပုံကိုကြည့်ပါ




ပုံမှာ အစိတ်အပိုင်းအလိုက် ရိုက်ရမယ့်စာတွေကို ကွက်ပြီးဖော်ပြ ပေးထားပါတယ်။ adb shell ကိုရိုက်လိုက်ရင် ဖုန်းဟာ Root Access ရှိနေတယ်ဆိုရင် # ပေါ်လာပါလိမ့်မယ်။ Root မရှိဘူးဆိုရင်တော့ $ သင်္ကေတ ဖြစ်နေမှာပါ။ Root မဖြစ်ရင် ဘာမှလုပ်လို့မရပါဘူး။ ဒါကြောင့်ဒီလို ပြုလုပ်မယ်ဆိုရင် Root လုပ်ထားဖို့ လိုအပ်ပါလိမ့်မယ်။ Root Access မရှိဘူးဆိုရင်လည်း adb ထဲကနေပဲ Root ဆော့ဖ်ဝဲကိုထည့်ပြီး Command နဲ့ Root လုပ်လိုက်လို့ရပါတယ်။ ဒါပေမယ့် အချို့ဖုန်းတွေမှာတော့ အဲလိုချိတ်ဆက်ပြီး ချက်ခြင်း Root လို့မရတာမျိုးလည်း ရှိပါတယ်။ Root ဖြစ်လို့ # သင်္ကေတ ဖြစ်တယ်ဆိုရင်တော့ cd data/ system ထဲမှာ ls ရိုက်လိုက်ပြီး .key နဲ့ဆုံးတဲ့ဖိုင်ကို ရှာပြီး remove လုပ်ရပါလိမ့်မယ်။ Remove လုပ်တဲ့အခါမှာ ကိုယ်အသုံးပြုထားတဲ့ passcode, pattern အစရှိသဖြင့် အမျိုးအစားပေါ် မူတည်ပြီး .key ဖိုင်ကိုမြင် ရပါလိမ့်မယ်။ အကြိမ်ရေ အများအပြား မှားယွင်းထားတဲ့ ဖုန်းတွေမှာ ဆိုရင်တော့ ဒီတိုင်း remove တစ်ကြိမ် လုပ်လိုက်ရုံနဲ့ မရနိုင်ပါဘူး။ ဒါကြောင့် account.db ဆိုတဲ့ ဖိုင်ကိုပါရှာပြီး ထပ်ဖျက်ပေးရပါလိမ့်မယ်။ ဒီနည်းလမ်းဟာ ဖုန်းထဲက အချက်အလက်တွေကို မဆုံးရှုံးနိုင်ပေမယ့် ပြုလုပ်ဖို့အတွက်တော့ အနည်းငယ်ရှုပ်ထွေးပါလိမ့်မယ်။ ကိုယ်တိုင်ပြုလုပ် မယ်ဆိုရင်လည်း adb ရဲ့ commands တွေကို သိရှိနားလည်ဖို့ လိုအပ်ပါလိမ့်မယ်။ Remove လုပ်တဲ့အခါမှာ Remove ရဲ့ Command ဟာ rm ဖြစ်ပါတယ်။ ပုံမှာပါဝင်ပါတယ်။


Internet Journal



အဆင်ပြေပါစေ။


                                                 KoHtike(KHMITC)

No comments:

Post a Comment