Software မသုံးပဲ cmd ကိုသုံးပြီး
USB Drive ထဲက virus ကိုသတ်ရအောင်နော်
စမ်းကြည့်လိုက်ရအောင်
cmd သုံးမှာဆိုတော့ run box ကနေ cmd လေးကိုအရင်ခေါ်လိုက်နော်။
cmd လေးပေါ်လာရင်တော့ ကိုယ် Drive ရဲ့ name လေးကို ရိုက်ပေးရပါ့မယ်
ဥမာ ကိုယ့် Drive က Drive (E:) ဆိုရင် E: လို့ရိုက်ပြီး Enter တစ်ချက်ခေါက်လိုက်ပါ။
နောက်ထက် ရိုက်ထည့်ရမှာက
dir/w/a ဆိုပြီးရိုက်လိုက်ပါ။ အဲဒါရိုက်လိုက်ရင် ကိုယ့် Stick ထဲမှာရှိတဲ့ File နာမည်တွေ
အကုန်ကျလာပါပြီ။အဲမှာ ကိုယ်ဖယ်ချင်တဲ့ virus file နာမည်လည်းပါလာပါလေ့မယ်
အဲဖိုင်ကို Delete လုပ်ဖို့အတွက်
attrib -r -a -s -h *.* ဆိုပြီးရိုက်ပါ ပြီးရင် enter ခေါက်ပါ
ပြီးရင် del ဆိုပြီးနောက်က file name (ဥမာ del auturn.ini ) ကိုထည့်ပေးလိုက်ပါ
ပြီးရင် enter ခေါက်ပါ ဒါဆိုရပါပြီနော်
Credit;မူးရင်းရေးသားသူ
KoHtike(KHMITC)
ကောင်းနိုးရာရာလေးများပြန်လည်စုစည်းမျှဝေသည်။
No comments:
Post a Comment